1 ပတ် - ဘာသာပြန်ပါ။

Professor Paul Nation ဟာ New Zealand နိုင်ငံက ကမ္ဘာကျော် ဘာသာဗေဒပညာရှင် (Linguist) တစ်ယောက်ဖြစ်ပါတယ်။
အထူးသဖြင့် ဒုတိယဘာသာစကားတစ်ခုရဲ့ ဝေါဟာရသင်ယူမှု (Second Language Vocabulary Acquisition) ဆိုင်ရာ သုတေသနတွေမှာ ကမ္ဘာ့ထိပ်တန်း ပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။
သူဟာ "English စကားလုံးတွေကို ဦးနှောက်က ဘယ်လိုသင်ယူပြီး ဘယ်လိုမှတ်သားသလဲ" ဆိုတာကို နှစ်ပေါင်းများစွာ သိပ္ပံနည်းကျ သုတေသနလုပ်ခဲ့တဲ့ ဆရာကြီးတစ်ယောက်ပါ။
သူက "80/20 Rule" ကို ဘာသာစကားသင်ယူမှုမှာ သက်သေပြခဲ့သူပါ။
သူ့ရဲ့သုတေသနအရ၊ နေ့စဉ်သုံး English စကားပြောရဲ့ ၈၀ ရာခိုင်နူန်းကျော်ဟာ အသုံးအများဆုံး စကားလုံး ၂၀၀၀ မှ ၃၀၀၀ ကြားကိုပဲ အဓိကအသုံးပြုထားတာဖြစ်တယ်လို့ ဖော်ထုတ်ပြခဲ့ပါတယ်။
"80/20 Rule" ဆိုတာ နေ့စဉ်သုံး English စကားပြောရဲ့ ၈၀% ကျော်ဟာ အသုံးအများဆုံး စကားလုံး ၂၀% (Core Vocabulary ၃၀၀၀ ခန့်) ကနေပဲ လာပါတယ်။
ဒါကို Paul Nation က ရှင်းပြပါတယ်။
သတင်းကောင်းကတော့၊ သင်ဟာ English ကို ကျွမ်းကျင်စွာပြောဆိုနိုင်ဖို့ စကားလုံးပေါင်း သိန်းချီပြီး သိစရာမလိုဘူးဆိုတာပါ။
Professor Paul Nation ရဲ့ သုတေသနအရ၊ ကျွန်တော်တို့နေ့စဉ်သုံး English စကားပြောရဲ့ ၈၅ရာခိုင်နူန်းဟာ အသုံးအများဆုံး စကားလုံး ၃၀၀၀ ကနေပဲ လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုလိုတာကတော့ သင်ဟာ အဲ့ဒီ Core Vocabulary (အဓိကကျသော ဝေါဟာရ) ၃၀၀၀ ကိုသာ ကျွမ်းကျင်သွားရင် English စကားပြော အများစုကို နားလည်နိုင်ပြီး ကိုယ်ပြောချင်တာကို ပြောဆိုနိုင်မှာဖြစ်ပါတယ်။
အသုံးအများဆုံး စကားလုံးများ စာရင်းကို Google မှာ "Oxford 3000 word list" လို့ရှာပြီး အဲ့ဒီ List ကို Save လုပ်ထားပါ။
အဓိကကျသော ဝေါဟာရ ၃၀၀၀ ကိုသာကို ဦးစားပေးလေ့လာမှတ်သားပါ။
သင်ရဲ့ အားစိုက်ထုတ်မှုအားလုံးကို တခြားစကားလုံးတွေဆီမရောက်ခင်၊ အဲ့ဒီ List ထဲက စကားလုံးတွေကို အရင်ဆုံးကျွမ်းကျင်အောင် Spaced Repetition (Anki), Memory Palace နည်းတွေနဲ့ လေ့လာပါ။
Core Vocabulary ကိုသိသွားပြီဆိုရင်၊ သင်ဟာ ရုပ်ရှင်ကြည့်ရင်း၊ စာဖတ်ရင်းနဲ့ပဲ ကျန်တဲ့စကားလုံးအသစ်တွေကို အဘိဓာန်မလိုဘဲ အဓိပ္ပာယ်ခန့်မှန်းနိုင်စွမ်း ရှိသွားပါပြီ။
တွေ့ကရာစကားလုံးတွေကို လိုက်ကျက်မှတ်နေတာကိုရပ်ပြီး၊ အရေးအကြီးဆုံး စကားလုံးတွေကိုသာ အရင်ဆုံး အာရုံစိုက်ပါ။ "Work smarter, not harder" ဆိုတာက ဘာသာစကားသင်ယူမှုမှာ အကောင်းဆုံးနည်းလမ်းပါပဲ။

image