#မျက်ထောင့်ပင်တွေ့ရင်နှုတ်မပစ်ပါနဲ့တော့။ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အလွန်အကျိုးဖြစ်ထွန်းစေတဲ့ အရွက်တစ်မျိုးလို့ပြောနိုင်ပါတယ်။ <--
*** ကရင်ပြည်နယ်မှာတော့ မျက်ထောင့်ပင်လို့ခေါ်ပြီး တခြားနယ်တွေမှာ အခေါ်အဝေါ်ကွဲကောင်းကွဲနိုင်ပါတယ်။ အင်္ဂလိပ်လိုတော့ (Purslane) လို့ခေါ်ပါတယ်။ အစိမ်းရောင်အပင်နဲ့အနီရောင်ပင် 2 မျိုးရှိတယ်။
*** သုတေသန ဖေါ်ပြချက်တွေအရ အမျှင်ဓါတ်၊ ဗီတာမင်၊ ဓါတ်ဆား၊ အိုမီကာ 3 ပါ၀င်ပြီး သွေးတိုးကျစေတယ်။ သွေးလေညှိပေးတယ်၊၊ ကင်ဆာရောဂါအတွက်ကာကွယ်ပေးတယ်။
*** သွေးကြောခဲမာခြင်းကို ကာကွယ်ပေးတယ်။ အူချောင်းရောင်နာကိုကုသပေးတယ်။ အကြိတ်ရောင်နာကိုကုသပေးတယ်။ အနာအပြည်တည်ခြင်းကိုကုသပေးတယ်။
*** အပြင်းစားအူအတက်ရောင်ရောဂါကိုကုသပေးတယ်။ ၀မ်းကိုက်ရောဂါကာကိုကာကွယ်ပေးတယ်။
*** အစိမ်း ဒါမှမဟုတ် ရေနွေဖျောပြီး တို့စရာအဖြစ်စားသုံးနိုင်တယ်။ ကြော်စားနိုင်တယ်။ ချည်ဖတ်ထည့်စားလို့ရတယ်။ ကြက်ဥနဲ့ရောကြော်စားလို့ရတယ်။
*** ဒီနေ့ခြံထဲက မျက်ထောင့်ရွက်နှုတ်လာပြီး ကွန်စွန်းရွက်ကြော်သလို ကြော်စားပါတယ်။ အရသာက ကန်စွန်ရွက်ထက်ပိုနှစ်သက်ပါတယ်။ အဖန်ဓါတ်အနည်းငယ်ပါတယ်။
- လူသိများပြီး စားသုံးသူများလာရင် စျေကွက်၀င် ဟင်းရွက်ပင်တစ်မယ်ဖြစ်လာနိုင်ပါတယ်။
ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

image