သောက်နေကျဆေးဝါးများစွာကို သောက်သုံးနေသော်လည်း အန္တရာယ်ဖြစ်လောက်သည်အထိ သွေးတိုးနေဆဲ လူနာများတွင် baxdrostat ဆေးဝါးသစ်သည် သွေးပေါင်ချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း လက်တွေ့စမ်းသပ်မှု အဆင့်သုံးတွင် ထုတ်ဖော်ပြသနိုင်ခဲ့သည်။
အဆိုပါလက်တွေ့စမ်းသပ်မှုတွင် ကမ္ဘာတဝန်းရှိ ဆေးခန်းပေါင်း ၂၁၄ ခုမှ လူနာပေါင်း ၈၀၀ ကျော်ပါဝင်ခဲ့သည်။ ရက်သတ္တ ၁၂ ပတ်ကြာ ကုသမှုအပြီးတွင် နေ့စဉ် baxdrostat တစ်မီလီဂရမ် သို့မဟုတ် နှစ်မီလီဂရမ် သောက်သုံးသူများသည် အာနိသင်မရှိသော စမ်းသပ်ဆေးဝါးတု (placebo) သောက်သုံးသူများထက် သွေးပေါင်ချိန် ကိုးမှ ၁၀ mmHg ကြား ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းသည် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကို သိသိသာသာ လျှော့ချပေးနိုင်လောက်အောင် လုံလောက်သည့် ပမာဏ ဖြစ်သည်။
