ယောဂလေ့ကျင့်တဲ့အခါ မျှော်လင့်ချက် နဲ့ ရလဒ်တွေထက် လုပ်ဆောင်ချက် နဲ့ အားထုတ်မှုကိုသာ ဂရုစိုက်ပေးပါ
ယခုခေတ်ရဲ့Instant noodle, fast food ယဉ်ကျေးမှုပုံစံအရ မြန်မြန်တိုးတက်ချင်တယ်၊ ချက်ချင်းအောင်မြင်ချင်တယ်၊ သိသာထင်ရှားပြီး မြင်သာတဲ့ရလဒ်တွေအတွက် ကြိုးစားခိုင်းတယ်။ သို့သော် ယောဂကတော့ ကျမတို့ကို နှေးနှေးပဲသွားဖို့၊ တဖြည်းဖြည်းသာပြောင်းလဲစေဖို့၊ လိပ်တကောင်လိုအသက်ရှုဖို့၊ စွဲမြဲခြင်းရဲ့တန်ဖိုးကိုသိနားလည်ဖို့ သင်ကြားပေးပါတယ်။
"It’s not about touching your toes, but what you learn on the way down.”
ဒီစကားလေးကို ယောဂလေ့ကျင့်သူတွေကြားမှာ ပြောတာတွေ့ဖူးကြားဘူးပါလိမ့်မယ်။ အဓိကဆိုလိုရင်းက "ရလဒ်တွေကအဓိကမဟုတ်ပဲ ကြိုးစားမှုတိုင်းမှာမိမိကဘာကိုသင်ယူရလိုက်လဲဆိုတာပါတဲ့"
Handstandလို ခက်တဲ့ balance poseပဲဖြစ်ဖြစ် Tree poseလို လွယ်တဲ့ balance poseပဲဖြစ်ဖြစ် တူညီတဲ့အားထုတ်မှုရှိရပါမယ်။ မိမိရဲ့စိတ်၊ ခန္ဓာ၊ အသက်ရှုခြင်း ဒီ၃လုံးကို သတိရှိနေခြင်းသည် Posture တခုမှာလှလှလေးထိန်းထားနိုင်ခြင်း၊ ခက်တာလွယ်တာ လေ့ကျင့်နိုင်ခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ တိုးတက်မှုသေးသေးလေးတွေ နဲ့ မမြင်သာတဲ့ပြောင်းလဲမှုတွေကို ရှာဖွေတွေ့ရှိခြင်းသည်သာ မှန်ကန်သောယောဂလေ့ကျင့်မှုဖြစ်ပါတယ်။ ယောဂဖျာပေါ်မှာလေ့ကျင့်တဲ့အချိန်တိုင်းမှာ သင်ယူနေရမယ့် စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ သန်မာခြင်း၊ ပျော့ပျောင်းခြင်း၊ ဟန်ချက်ညီခြင်းဆိုတာတွေဟာ ဖျာပေါ်မှာမဟုတ်တဲ့နေ့စဉ်ဘဝမှာလဲလက်တွေ့ကျင့်သုံးရမယ့်အရာတွေအဖြစ် အားထုတ်ရင်း မိမိကိုယ်ကိုရှာဖွေနိုင်သူဖြစ်ရပါမယ်။
အထက်ပါ အရည်အသွေးနဲ့ အပြောင်းအလဲတွေသည် ယောဂသင်တန်းတက်ပြီး တပတ်/တလမှာတော့ Magic wand နဲ့တို့ထိလိုက်သလိုရောက်လာမှာမဟုတ်ပါဘူး။ သို့သော် ရောက်မလာ"သေး"တာပါ၊ ရောက်မယ့်လမ်းကြောင်းပေါ်ကိုတော့ရောက်နှင့်နေပါပြီ။ ဒါကြောင့် Yoga Pose တခုခက်တယ်ဆိုရင် ပိုပြီးအားထုတ်ပါ၊ အချိန်ပေးပါ၊ Yoga Pose တခုကိုကြောက်တယ်ဆိုရင် သတ္တိပိုရှိပါ။ ဖျာပေါ်မတက်ချင်တဲ့နေ့တွေ၊ သင်တန်းမသွားချင်တဲ့နေ့တွေ၊ မလေ့ကျင့်ချင်တဲ့နေ့တွေရှိတယ်ဆိုရင် ကိုယ့်ကိုကိုယ်တာဝန်ယူစိတ်ပိုထည့်ပေးပါ။
ရလဒ်ဆိုတာက ခနတာအတွက်ပါ၊ အားထုတ်မှုကတော့ တသက်လုံးစာအတွက်ပါ..
#phyuyogastudio
#processoverresults
#consistencyoverperfection
#

image