❝မန္တလေး Sky Villa မှ နှစ်ရက်ဆက်တိုက် ရုပ်အလောင်းများ ထပ်မံတွေ့ရှိ❞
စက်တင်ဘာ ၉
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အအုံမှ သေဆုံးရုပ်အလောင်းများကို နှစ်ရက်ဆက်တိုက် ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်သတင်းများ အရ သိရသည်။
အဆိုပါ Sky Villa အဆောက်အအုံ A အဆောင်ကို မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်စဥ် ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့က အဆောင် (A)၊ မြေညီထပ်မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းကို နံနက် ၁၁ နာရီအချိန်တွင် တွေ့ရှိခဲ့သလို ယနေ့ စက်တင်ဘာ ၉ ရက်၊ နံနက် ၁၀ နာရီအချိန်ကလည်း အဆိုပါ အဆောင် (A)၊ ပထမထပ်မှအမျိုးသား(၁)ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့သည်ဟုဆိုသည်။
ထိုသို့ ထုတ်ယူရရှိခဲ့သည့် ယင်းရုပ်အလောင်းများကို မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး



