1 w - Translate

ဆေးဖက်ဝင်လွန်းပြီးအလွန်အစွမ်းထက်လှသော
အရိုးဆက်ပင်@အကြောဆက်ပင်
အကျိုးပြုပုံလေး Creditပါ 🙏🙏🙏
ကျွန်းရွက်နှင့် အတော်တူတာ ဖက်ခါးပင်နှင့် အသီးပါ တူတယ် အရိုးကျိုးရင် ဆေးရုံသွားစရာတောင် မလိုဘူးတဲ့
ဘုန်းကြီးဦးနာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်ထဲ ရှာကြည့်တယ် ဗဟုသုတအဖြစ် အဲဒီထဲက ကူးပေးလိုက်ပါတယ်
ကြဖက်ကြီးပင်၏ ပုံသဏ္ဌာန်- ပင်ထောင်ငယ် အပင်မျိုးဖြစ်၏ အရွက် အင်ရွက်ထက်ပင် ကြီး၏ ခွေးသွားစိပ် ရှိ၏ အကိုင်းများ စိမ်း၏အပွင့်သည် ဖြူ၏။အမြစ်သည် ဥကဲ့သို့ ဖြစ်၏ အမြစ်ကို အရောင်ဆိုးရန် အသုံးပြု ရ၏။ ဆေးလည်း အသုံးပြု ရ၏
ဂုဏ်နှင့် စွမ်းရည်- အမြစ်သည် ချုပ်၏။ အနာကို အသားနု တက်စေ၏။ နာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေ၏။ သွေးယိုစီးခြင်းကို တားမြစ်တတ်၏။ကိုယ်၌ နာကျင် ကိုက်ခဲခြင်း ဖြစ်ခဲ့သော် အမြစ်ကို သွေး၍ ပူအောင် ပြုပြီးလျှင် လိမ်းပေးရ၏
အချို့အရပ်ဒေသတို့၌ အရွက်နုကို ဟင်းချိုချက် စားကြ၏။ အမြစ်ကို သွေးလိမ်းလျှင် ပွေးပျောက်၏။ ၎င်း၏သတ္ထုရည်ကို အနာမြုံများ၌ အုံပေးလျှင် အနာကျက်၍ အသားနုကို တက်စေ၏
ရောဂါအလိုက် အသုံးပြုနည်း- ပွေးနာ ။ ၎င်းအမြစ်ကို ရေနှင့် သွေးလူးသော် ပွေးနာများ ပျောက်ကင်း၏။ အကြောရောင်ရောဂါ၎င်းအမြစ်ကို ရေနှင့်သွေး၍ မီးနှင့် အတန်ငယ် ပူအောင် နွှေး၍ အကြောတလျောက် ရောင်ရမ်းရာ၌ လိမ်းကျံပေးလျှင် အကြောရောင်ရောဂါ ပျောက်ကင်း၏
အနာ အသားနု တက်ဆေး ။ ။ ၎င်း၏အမြစ်ကို ရေနှင့် ညက်ညက်ပါအောင် ကြိတ်၍ အဝတ်စပေါ်တွင် ထိုကြိတ်ပြီးဆေးကို သုတ်လိမ်း၍ ဖရောင်းချက် ကပ်သကဲ့သို့ အနာပေါ်၌ကပ်ပေးပါက အနာသည် အသားနု လျှင်စွာ တက်၏
အကိုက်အခဲပျောက်ဆေး ။ ။ ခန္ဓာကိုတွင် မည့်သည့် နေရာမဆို ကိုက်ခဲ နာကျင်ခဲ့သော် ၎င်းအမြစ်ကို သွေး၍ မီးနှင့် နွေးနွေးဖြစ်အောင် ကင်ပြီး သုတ်လိမ်းပေးပါက ကိုက်ခဲ နာကျင်ခြင်း ပျောက်ကင်း၏
အနာ သွေးတိတ်ဆေး ။ ။ အနာပေါက်တို့၌ အနာသည် သွေးများ ယိုစီနေသော် ၎င်းအမြစ်ကို ရေနှင့် သွေးလိမ်းပါက အနာသည် သွေးယိုစီးခြင်းမှ ရပ်စဲသွားလိမ့်မည်
crd

image