1 ပတ် - ဘာသာပြန်ပါ။

မြောက်ဒဂုံမြို့နယ် (၃၇)ရပ်ကွက် သစ်ပင်ကြီးပေါ်မှာ အမျိုးသားတစ်ဦး သေဆုံးနေ
စက်တင်ဘာ - ၉
ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် ယနေ့စက်တင်ဘာ၉ရက် မနက်ပိုင်းက (၃၇)ရပ်ကွက်အတွင်းက သစ်ပင် ကြီးတခုအပေါ်မှာ သေဆုံးလျက်အနေအထားနဲ့တွေ့ရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါ တယ်။
သေဆုံးသူအမျိုးသားအလောက်းကို ယနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့ကြတာဖြစ်ပေမယ့် ညပိုင်းထဲက မိမိကိုယ်ကို အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ မြေပြင်တွင်ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသူရဲ့ Dead Body ကိုဝန်းရံမှူးလူမှုကူညီကယ် ဆယ်ရေးအသင်းက သစ်ပင်ပေါ်ကနေ အောက်သို့မနည်းချခဲ့ရပြီး အသင်းကားနဲ့မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ ဆောင်ကူညီပေးထားတယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသားမှာ မြောက်ဒဂုံမြို့နယ် (၃၇)ရပ်ကွက်အတွင်း နေထိုင်သူမဟုတ်ဘဲ မည်သည့်နေရာ တွင် သူဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

image