သိန်းသောင်းချီ အပြိုင်အဆိုင်ဈေးခေါ်နေတဲ့ မြောက်ဒဂုံမြေကွက် အရောင်းအဝယ် အေးနေပြန်

စက်တင်ဘာ ၉

သိန်းပေါင်းသောင်းချီအပြိုင်အဆိုင်ဈေးခေါ်နေတဲ့ရန်ကုန်တိုင်း၊မြောက်ဒဂုံမြို့နယ်အတွင်းကမြေကွက်တွေဟာလတ်တလောကာလမှာ အရောင်းအဝယ် အေးနေနေပြန်တယ်လို့ အိမ်ခြံမြေဈေးကွက် အသိုင်းအဝိုင်းထံကနေသိရပါတယ်။

အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူအချို့နဲ့ အဲဒီမြို့နယ်အတွင်းမှာနေ ထိုင်တဲ့ဒေသခံပြည်သူတွေရဲ့ပြောပြမှုတွေအရမြောက်ဒဂုံလမ်းမတန်းတွေရဲ့အကွက်အကွင်းကောင်းတဲ့နေရာတွေမှာလာရောက်၀ယ်ယူနေကြတဲ့သူတွေကရှမ်းမြောက်ကရှမ်း တရုတ်တွေ အပါအဝင် "၀"လူမျိုးတွေနဲ့ ကိုးကန့်လူမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။သူတို့ဟာမြောက်ဒဂုံမြို့နယ်အတွင်းကနေရာအများစုမှာမြေကွက်တွေကိုလာရောက်ဝယ်ယူကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါအပြင်ဒီလိုသိန်းသောင်းချီဈေးခေါင်ခိုက်နေတဲ့မြောက်ဒဂုံမြို့နယ်ကမြေကွက်တွေကိုလာရောက်ဝယ် ယူကြတဲ့သူတွေထဲမှ မြန်မာနိုင်ငံ အထက်ပိုင်းဘက်ကသူအချို့လည်းပါဝင်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။

"မြောက်ဒဂုံလမ်းမတန်းတွေကအကွက်အကွင်းကောင်းတဲ့နေရာတွေမှာလာ၀ယ်နေကြတာကရှမ်းမြောက်ကရှမ်းတရုတ်တွေ "၀"တွေ ကိုးကန့်တွေပါ။အချို့နေရာတွေမှာလာ၀ယ်ထားကြတာကအညာသားတွေများပါတယ်။သူတို့ဘယ်ဆီကနေပြီးပိုက်ဆံတွေရခဲ့ကြတာလဲ။ဒီလောက်စီးပွားရေးကြပ်တည်းနေတဲ့ခေတ်မှာ၀ယ်နိုင်တယ်ဆိုတာဒါကို Data Analysisလုပ်သင့်လှပါတယ်" လို့ မြောက်ဒဂုံမြို့နယ်အတွင်းမှာနေထိုင်သူတယောက်က ပြောပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ပြောပြချက်တွေအရလက်ရှိရန်ကုန်မြို့ရဲ့မြေကွက်ဈေးကွက်မှာအရောင်းရဆုံးမြို့နယ်တွေကမင်္ဂလာဒုံမြို့နယ်၊မြောက်ဒဂုံမြို့နယ်နဲ့ အရှေ့ဒဂုံမြို့နယ်တို့ကမြေကွက်တွေအများစုဖြစ်တယ်လို့ သိရပါတယ်။

သို့သော်လည်းယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့မြို့နယ်အချို့မှာမြေ ကွက်တွေကိုနယ်အ၀ယ်တွေဆင်းဝယ်နေကြပေမယ့်အုံးအုံးကြွက် ကြွက်ဝယ်ယူတာမျိုး၊အရောင်း အဝယ်ဖြစ်နေတာမျိုးတော့မဟုတ်ဘူးလို့အိမ်ခြံမြေအကျိုးဆောင်လော ကသားတွေက ပြောပြပါတယ်။ "အဝယ်တွေကသူ့ဟာနဲ့သူတော့ရှိပါတယ်။ဒါပေမယ့်ဟိုလိုမျိုးအုံးအုံကြွက်ကြွက်နဲ့ဝယ်တာမျိုးတော့မဟုတ်ပါဘူး"လို့ အိမ်ခြံမြေလော ကသားတယောက် ဆက်ပြီး ပြောပြပါတယ်။

ဒါအပြင်မြောက်ဒဂုံမြို့နယ်အတွင်းကမြေကွက်တွေရဲ့အခွန်ရာဖြတ်ဈေးနှုန်းဟာလည်းမြင့်မားတဲ့အ ခြေအနေမှာရှိနေပြီးလတ်တလောကာလမှာရွေးကောက်ပွဲလည်းရှိနေတဲ့အတွက်အစိုးရအပြောင်းအလဲရဲ့ပေါ်လစီကိုစောင့်ကြည့်ချင်လို့ဒီအချက်တွေကြောင့်မြေကွက်အဝယ်တွေတုန့်ဆိုင်းသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

အခုလိုမြောက်ဒဂုံမြို့နယ်အတွင်းကအိမ်ခြံမြေဈေးနှုန်းတွေမြင့်မားစွာဖြစ်ပေါ်နေရခြင်းနဲ့ ပတ်သက်လို့လည်းမြောက်ဒဂုံအတွင်းမှာနေထိုင်တဲ့လေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကိုအခုလိုဆက်ပြီးပြောပြပါတယ်။

"ကျွန်တော်တို့မြို့နယ်ကဟော်တယ်ကြီးတခုရဲ့ပိုင်ရှင်ကအသက်သုံးဆယ်လောက်တောင်မရှိသေးတဲ့အမျိုးသမီးငယ်လေးတယောက်ပါ။ဘယ်ကနေပြီးဘာလုပ်ငန်းတွေလုပ်ပြီး၊ဘယ်လိုကြီးပွားချမ်းသာလာခဲ့သလဲဆိုတာကိုသုတေသနလုပ်လိုက်ရင်တော့ဒါကအဖြေတခုများထွက်လာမလားမေးခွန်းထုတ်စရာပါ။ငွေဖြူလား၊ငွေမဲလား။ဒါတွေလာ၀ယ်တာကအမှောင်လောကကနေပြီးရလာတဲ့ပိုက်ဆံတွေကိုငွေဖြူဖြစ်အောင်လာလုပ်တာလား။စဉ်း စားစရာတွေတော့ရှိပါတယ်"လို့ သူက သုံးသပ်ပြောပြပါတယ်။

ဒါအပြင်မြောက်ဒဂုံမြို့နယ်အတွင်းကမြေစျေးကွက်တွေသိသိသာသာအဝယ်ကျဲသွားပြီးစျေးကွက်အေးသွားတာဘာလို့လဲဆိုပါကစျေးတန်းကမိုင်ကုန်ဂိတ်ဆုံးအထိရောက်သွားလို့ဖြစ်တယ်လို့လည်းအိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူတယောက်ကသုံးသပ်ပြောပြထားပါတယ်။

"မြောက်ဒဂုံထက်မြင့်တဲ့နေရာဖြစ်တဲ့ရွှေတောင်ကြားတောင်သူ့လောက်ဈေးမကြမ်းခဲ့ဘူး။အခုကဝယ်ရောင်းစျေးကွက်ရာသီကာလတခုလည်းပြီးသွားခဲ့ပါပြီ။ကျားဖြန့်နဲ့ "ဝ"တွေကိုလည်းတရုတ်ဘေဂျင်းအစိုးရကပိုင်ဆိုင်မှုတွေသိမ်းတဲ့အ ပြင်ဖိအားပေးဆက်တိုက်နှိမ်နင်းနေတော့အထက်မြန်မာပြည်မန္တလေးဘက်ကရှမ်းတရုတ်လို့သာသိကြတဲ့ယူနန်တရုတ်တွေရဲ့အဝယ်အင်အားဟာလည်းသိသိသာသာလျော့သွားခဲ့ပါတယ်။အမြင့်စျေးမှာ Enduser စျေး(ပိုက်ဘောစျေး)ပိုက်မိိထားလိုက်တဲ့သူတွေအတွက်ကတော့ ကစားကွက်သိပ်မကျန်တော့ပါဘူး။ တိုက်ဆောက်ပြီးသာနေလိုက်မှမရှုံးတော့မှာပါ"လို့ သူရဲ့အမြင်ကိုသုံး သပ်ပြောပြပါတယ်။

မြောက်ဒဂုံမြို့နယ်အတွင်းကမြေ ကွက်တွေကိုလာရောက်ဝယ်ယူကြတဲ့သူအများစုဟာ"ဝ"နဲ့ ကိုးကန့်တိုင်းရင်းသားတွေသာများပြီးသူတို့ကပြန်လည်ရောင်းချဖို့ဈေးကစားဖို့ဝယ်ယူတာမျိုးတော့မဟုတ်ဘဲသူတို့မိသားစုဆွေမျိုးတွေနေထိုင်ဖို့ဝယ် ယူတဲ့ပုံစံမျိုးသာဖြစ်လို့အိမ်ခြံမြေအကျိုးဆောင်လောကသားတွေက ပြောပါတယ်။

"သူတို့ကိုမေးလိုက်ရင်တော့ပြန်ရောင်းဖို့မဟုတ်ဘူးလို့ပြောကြပါတယ်။သူတို့မိသားစုတွေနေထိုင်ဖို့အတွက်ဝယ်ကြတာလို့ပြောပါတယ်။ပြီးခဲ့တဲ့လပိုင်းအတွင်းကဆိုဧကကျယ်မြေကွက်ကျယ်ကြီးတွေတောင်ဝယ်ကြတာမျိုးရှိတယ်။အ ရောင်းအဝယ်ဖြစ်ခဲ့တာရှိတယ်။နောက်တခုရှိတာကသူတို့ကနိုင်ငံ တော်ကိုတရားဝင်အခွန်ဆောင်ပြီးမှဝယ်ကြတာပါ"လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတယောက်က ထပ်လောင်းပြောပြခဲ့ပါတယ်။

သို့သော်လည်းခေတ်စနစ်အခြေ အနေငွေကြေးဖောင်းပွလာမှုအခြေ အနေတွေကြောင့်ရန်ကုန်အိမ်ခြံမြေဈေးကွက်ကတအားအေးစက်သွားတာမျိုးမရှိနိုင်ဘဲအရောင်းအဝယ်တွေကသူ့ဟာနဲ့သူပုံမှန်ဆက်ရှိနေဦးမယ်လို့လည်းအိမ်ခြံမြေလောက သားတွေကသုံးသပ်ထားကြပါတယ်။

Photo CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image