❝ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ် ၁ နှစ် အမိန့်ချ❞
စက်တင်ဘာ ၉
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ် ၁ နှစ်ကျခံဖို့ ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ ထိုင်းတရားရုံးချုပ်က အမိန့်ချမှတ်လိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ယခင်က ထောင်ဒဏ်ကျခံနေရစဥ်ကာလအတွင်း ဆေးရုံမှာ ဥပဒေနဲ့မညီဘဲ သွားရောက်နေထိုင်မှု စွဲချက်ကို ဆုံးဖြတ်ရာမှာ ယခုလို ထောင်ဒဏ် ၁ နှစ်ကျခံဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတုန်တန်ရှင်နာဝပ်ထရာဟာလည်း ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဥ်ကာလအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်စောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြာပြီးနောက် ကျင့်ဝတ်သိက္ခာချိုးဖောက်မှုရှိတယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ပြီးခဲ့တဲ့လမှာ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
ဖခင်နဲ့အတူ ဒီကနေ့ တရားရုံးကို လိုက်ပါလာခဲ့တဲ့ ပေတုန်တန်ကတော့ စီရင်ချက်အပြီးမှာ သူမဖခင်အတွက် စိုးရိမ်မိ ပေမယ့် သူမနဲ့ မိသားစုဟာ စိတ်ဓါတ်ခိုင်မာတယ်ဆိုပြီး သတင်းထောက်တွေကို ပြောဆိုခဲ့သလို ဖြူထိုင်းပါတီကိုတော့ အတိုက်အခံပါတီအဖြစ် ဆက်လက်လှုပ်ရှားသွားမယ်လို့လည်း သူက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
