6 w - Translate

လောကရဲ့အထူအပါး အတိမ်အနက် တွေကြားမှာ ဝေဝေဝါးဝါးနဲ့
ဘဝတွေ ဘယ်လိုပဲခါးနေပါစေ
စိတ်မပျက်ပါနဲ့ သူငယ်ချင်း။
လောကဓံဆိုတာ အစိမ်းအကျက်မရွေးဘူး ကြံ့ခိုင်တဲ့သူက စံ, ပျော့ညံ့တဲ့သူ ခံ, ဒဏ်ရာချင်းအတူတူ
သန်မာတဲ့သူကတော့ အနိုင်ရမှာပဲ။
ဒီမှာသူငယ်ချင်း--- ငါတို့ဟာ
မွေးဖွားလာကတည်းက
လှုပ်ရှားရုန်းကန် အားမာန်တွေ
အပြည့်နဲ့ လူ့လောက လူ့ဘဝရဲ့
ဇာတ်လမ်းအစ စာတန်းထိုးစဉ်ကတည်းက လှမှ မလှပခဲ့တာ။
အခုမှ ဘာများထူးဆန်းနေလို့လည်း
လှုပ်ရှားရုန်းကန်တော့ ပိုပြီးသန်မာတာပေါ့။ငြိမ်နေရင် အညောင်းမိနိုင်တယ် မဟုတ်လား။
ဒီမှာ သူငယ်ချင်း---စိတ်ပျက် ငေးငိုင် မှိုင်တွေမှုတွေနဲ့ အချိန်တွေကို ဖြုန်းမပစ်ပါနဲ့။အချိန်ကိုဖြုန်းခြင်းဟာ ဘဝကို ဖြုန်းခြင်းပါပဲ။
မင်းဘဝကို မင်းပိုင်တယ်။
မင်းဘဝကို မင်းကိုင်ထား။ မြဲမြဲကိုင်ထား။မင်းဘဝဟာ မင်းရဲ့အသက်
ဘယ်လောကဓံက လာပြီးနှောင့်ယှက်,
နှောင့်ယှက် မင်းဘဝကို မင်းကာကွယ်ရမယ်။
မင်းအရှုံးမပေးသ၍
မင်းဘဝက မင်းလက်ထဲမှာ လှပစွာ ရှင်သန်မှာပါ။

image