🍀အခုခေတ်အမျိုးသမီးအချို့သားအိမ်ထုတ်ကြရတာများပါတယ်။
🍀ကျွန်မကိုယ်တိုင်သားအိမ်ထုတ်ထားရသူပါ။ အသက်၅၃ နှစ်(၂၀. ၁၀.၂၀၁၈) မှာ သားအိမ်နံရံထူလို့ ထုတ်လိုက်တာပါ။
🍀အဲလိုထုတ်လိုက်ရင်အဆင်ပြေကျန်းမာမယ်လို့ထင်ခဲ့ပြီးကိုယ်သဘောနဲ့ ဆုံးဖြတ်ပြီးထုတ်လိုက်မိတာပါ။
🍀သားအိမ်နံရံထူတာက သက်သာပေမယ့် နောက်နှစ်ကြာသွားရင်ကင်ဆာဖြစ်နိုင်တယ်လို့ ဆရာဝန်ကပြောတော့ စိတ်အေးချင်တာနဲ့ထုတ်လိုက်တာပါ။
🍀သားအိမ်နဲ့ပတ်သက်လို့အခြားဘာရောဂါမှ မရှိပါဘူး။
🍀အခုခေတ်သားအိမ်ထုတ်တဲ့အခါမှာ ရိုးရိုးခွဲစိပ်ပြီးထုတ်တာနဲ့ မှန်ပြောင်းနဲ့ထုတ်တာနှစ်မျိုးထဲကကိုယ်နှစ်သက်အဆင်ပြေတာနဲ့ထုတ်လို့ရပါတယ်။
🍀ရိုးရိုးခွဲစိပ်ပြီးထုတ်တာက ငွေကုန်သက်သာ လူ ပင်ပမ်း နားရက်ရှည်ရှည် အလုပ်အကိုင် ပျက် ပြီး ဗိုက်ကိုခွဲတာမို့ အလေးအပင် ကို မ.တာအမြဲရှောင်ရတယ်လို့သိရပါတယ်။
🍀မှန်ပြောင်းနဲ့ခွဲတာကတော့ ငွေကုန် လူအနာသက်သာခွဲစိပ်တာ၂နာရီ လောက်ဘဲကြာပါတယ်။ ခွဲစိပ်အပြီးမှာမေ့ဆေးပြယ်ပြီးသတိတန်းရပါတယ်။
ဆေးရုံမှာမခွဲစိပ်ခင်တရက် နဲ့ ခွဲစိပ်ပြီးတရက် စုစုပေါင်းနှစ်ရက်ထဲနှစ်ရက်ဘဲနေရပါတယ်။
🍀လုပ်ငန်းကြာကြာနားစရာမလိုဘဲခွဲစိပ်ဒဏ်ရာက ၁၀ရက်ဆိုဘာမှမရှိတော့။
ဘာရောဂါအခံမှမရှိရင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလို့ရပါတယ်။
🍀ကျွန်မမှာ ကျန်းမာရေးအသိ မပြည့်ဝတော့ သားအိမ်ထုတ်လိုက်ရင်သွေးဆုံးမကိုင်တော့ဘူးလို့ထင်ခဲ့တာအမှန်ပါ။
🍀အဲဒီ အစိတ်အပိုင်းမရှိရင်ပိုနေကောင်းပြီး အေးချမ်းပြီလို့ထင်ခဲ့တာ သားအိမ်ထုတ်ပြီး ၆ လအကြာမှာတော့ ရောဂါ အဆိုးအဝါးမရှိဘဲသားအိမ်ထုတ်လိုက်ခြင်းရဲ့ဆိုးကျိုးကိုစပြီးခံစားရပါတော့တယ်။
🍀ခါးအထက်ပိုင်း ပူဖျင်းဖျင်းကြီးဖြစ်လာပြီး ချွေးစေးတွေထွက်လာတယ်ပြီးရင်မောတယ် အဲဒါက တနေ့တနေ့ အကြိမ်ပေါင်းများစွာခဏခဏဖြစ်တယ်။
🍀စိတ် ရှုပ် စိတ်အရေးကြီးစရာ လိုအပ်တာရှာဖွေတဲ့အခါဆိုပိုဆိုးတယ်။
🍀ညဆိုအိပ်မပျော်ပါဘူး။ စိတ်ဓာတ်ကျလွယ် ဝမ်းနည်းအားငယ်လွယ် တွေဖြစ်လာတယ်။
🍀နေထိုင်ရတာမပျော်ရွှင်ဘဲ ဘာကိုမကျေနပ်မှန်းမသိဘဲ အလိုမကျတာတွေဖြစ်တယ်။
🍀ကျွန်မမှာအရင်ကနှလုံးရောဂါဖြစ်ဖူးလို့နှလုံးအထူးကုနဲ့ပြန်ပြတော့မှ သားအိမ်ထုတ်ထားတဲ့သူလည်းသွေးဆုံးကိုင်တယ်ဆိုတာသိခဲ့ရတယ်။
🍀သားအိမ်ထုတ်တဲ့သူသွေးဆုံးကိုင်တာက သားအိမ်ရှိတဲ့သူသွေးဆုံးကိုင်တာထက်ပိုဆိုးတဲ့အကြောင်း
အမျိုးသမီးတွေသွေးဆုံးတယ်ဆိုတာ သားအိမ်က ထုတ်ပေးတဲ့ ခန္ဓာအတွက်လိုအပ်တဲ့ဟော်မုန်းထုတ်မပေးနိုင်တော့ဘဲ သားအိမ်ရှိနေတဲ့သူကတော့ ဟော်မုန်းရရှိမှုတဖြည်းဖြည်းခြင်းသာလျှော့လာတာမို့ ဟော်မုန်းပြောင်းလဲမှု လျှော့နည်းမှုကြောင့် သွေးဆုံးကိုင်ရင် အလွန်မပြင်းထန်မကြာမြင့်နိုင်ပေမယ့်
🍀သားအိမ်ထုတ်ထားတဲ့အမျိုးသမီးတွေကတော့ သားအိမ်ကထုတ်ပေးတဲ့ဟော်မုန်းကလုံးပြတ်တောက်သွားပြီး သွေးဆုံကိုင်ရောဂါ ခံစားရရင်ပိုဆိုးပြီး ၅နှစ်လောက်ကြာနိုင်ကြောင်း စတဲ့ဆိုးကျိုးတွေကို သိလိုက်ရပါတယ်။
🍀အမျိုးသမီးတွေအနေနဲ့သွေးဆုံးကိုင်တဲ့ရောဂါဆိုတာ ကံကောင်းသူတချို့ဆိုလုံးဝမဖြစ်ကြပါဘူး။
🍀ကံမကောင်းသူအချို့ကတော့ သွေးဆုံးမအောင်မြင်ခြင်းဆိုတဲ့အရှုံးနဲ့ကွယ်လွန်ကြရတာတွေလည်းရှိကြပါတယ်။
🍀အများစုကတော့သွေးဆုံးခြင်းရဲ့ဝေဒနာဆိုးကို လူပမ်းစိတ်ပမ်းခံစားကြရပါတယ်။
🍀သွေးဆုံးတာနဲ့ နှလုံးရောဂါ အရိုးနဲ့ပတ်သက်တဲ့ရောဂါ စတာတွေဖြစ်တတ်ပြီးရောဂါအခံရှိသူတွေကရောဂါပိုဆိုးတတ်တယ်လို့ မြို့နယ်ဆရာဝန်မကြီးတစ်ဦးကရှင်းပြလို့သိခဲ့ရပါတယ်။
🍀သားအိမ်မှာ ကြီးမားတဲ့ရောဂါရှိလို့ ထုတ်ကို ထုတ်မှဖြစ်မယ်ဆိုရင်ရယ်
အသက်ကလည်း၆၀ကျော်နေရင်တော့ ထုတ်တာအကောင်းဆုံးဖြစ်ပေမယ့်
အသက်က၆၀မရှိသေး မထုတ်လည်းရတယ်ဆိုရင်ရယ် ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်ရှိသေးရင်တော့ မထုတ်တာအကောင်းဆုံးလို့ယူဆပါတယ်။
🍀မဖြစ်မနေထုတ်ရမယ့်ကိစ္စဆိုရင်တော့ထုတ်တာအကောင်းဆုံးပါ။
🍀သွေးဆုံးကိုင်ဝေဒနာခံစားနေရတဲ့သူကို မိသားစုဝင်တွေအနေနဲ့ နားလည် အားပေး စာနာ ဖေးမပေးဖို့အထူးလိုအပ်ပါတယ်။
🍀ဘဝတူအမျိုးသမီးများကိုစာနာနားလည်တဲ့အတွက်မျှဝေကူညီခြင်းဖြစ်ပါတယ်။
