6 ပတ် - ဘာသာပြန်ပါ။

B*ho*la S*ha*nk*ar [2023]

ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ လုံးဝကိုအမိုက်စားကြည့်ရှုရမယ့် "Bhola Shankar" ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်

ကာလကတ္တားမြိုလေးမှာ မိန်းမငယ်လေးတွေကို လူကုန်ကူးတဲ့ဂိုဏ်းတစ်ဂိုဏ်းသောင်းကျန်းနေပြီးတော့ မြိုထဲကမိဘတွေဟာ သူတိုရဲ့သမီးတွေကို အိမ်ထဲကအိမ်ပြင်ပေးမထွက်ရဲလောက်တဲ့အထိဖြစ်နေပါတယ်

အဲဒီအချိန်မှာရှန်ကာဟာ သူ့ညီမလေးကို အနုပညာကျောင်းကောင်းကောင်းထားပေးနိုင်ဖိုအတွက်
ကာလကတ္တားမြိုလေးကို အခြေချဖိုရောက်လာခဲ့ပါတယ်

ရှန်ကာတစ်ယောက် သူ့မိတ်ဆွေရဲ့အကူအညီနဲ့ရထားတဲ့ တက္ကစီဒရိုင်ဘာအလုပ်လုပ်နေတုန်းမှာပဲ
လူကုန်ကူးမှုဂိုဏ်းက လူဆိုးတွေကိုတွေ့ရှိခဲ့တဲ့အတွက် ရဲတွေကိုသတင်းပေးခဲ့ပါတယ်

ရဲတွေဝင်ရောက်ဖမ်းဆီးမှုကြောင့်အလုပ်ပျက်သွားခဲ့တဲ့ လူကုန်ကူးဂိုဏ်းဟာ သတင်းပေးဖြစ်တဲ့ ရှန်ကာ့ကိုရှင်းလင်းပစ်ဖိုအတွက် ကြိုးစားတော့တာပေါ့

ဒီနေရာမှာမထင်မှတ်ထားတာက ရှန်ကာက အားလုံးထင်ထားကြသလိုရိုးအတဲ့အစ်ကိုတစ်ယောက် တက္ကစီသမားတစ်ယောက်တင်မဟုတ်ဘဲ ကျွမ်းကျင်လူသတ်သမားဖြစ်နေတာပါပဲ

ကဲ..ရှန်ကာရဲ့လူမသိတဲ့နောက်ကွယ်ကပုံစံအစစ်ကဘာများဖြစ်မလဲ၊ ရှန်ကာနဲ့မဟာတို မောင်နှမနှစ်ယောက်ရဲ့အတိတ်မှာ ဘာအဖြစ်အပျက်တွေဖြစ်ခဲ့လဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ပေးကြပါဦးနော်

image