6 ပတ် - ဘာသာပြန်ပါ။

"ငါးသလောက်ပေါင်း “ (အရသာရှိရှိ အရိုးနူးအောင် ပေါင်းနည်း )
**********************************************************
🔥ပါဝင်ပစ္စည်းများ🔥
🔺ငါးသလောက် (အကြေးထိုး,အူဖောက် ရေနဲ့
သန့်စင်ပေးထားပါ)
🔹ခရမ်းချဉ်သီး ( နှစ်ခြမ်းခြမ်းထားပါ)
🔸ကြက်သွန်နီ (နှစ်ခြမ်းခြမ်းထားပေးပါ)
🟢စပါးလင် (ငါးအောက်ကခင်းရန်အတွက်)
🔺ဂျင်း (ထောင်းထားပေးပါ )
🔹ကြက်သွန်နီ / ခရမ်းချဉ်သီး
အရောင်တင်မှုန့် ဆီသတ်ထားပါ။
📍နနွင်းမှုန့် /အရောင်တင်မှုန့် / ငပိစိမ်းစား
/ငံပြာရည် /ရှာလကာရည် /
ဆီ /ဆား /အရသာမှုန့် / သကြားတို့ ဖြစ်ပါတယ်။
##############################################
"အရသာနှပ်ပါမယ်”
🟢ငါးသလောက်ကို ဆား /နနွင်း /ငပိစိမ်းစား /
ရှာလကာရည် /ငံပြာရည် /သကြား /အရသာမှုန့်
အားလုံးထည့်ပြီးရင် လက်ဖြင့် သေသေခြာခြာ
နယ်ကာ တညသိပ် သို့မဟုတ် အချိန် ၂ နာရီ
လောက် နှပ်ထားပေးပါ။
***********************************************
🔸ငါးသလောက် ပေါင်းပါတော့မယ်🔹
🟢ပေါင်းမဲ့ ပေါင်းအိုးထဲကို စပါးလင်ခင်းပါ
ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါမယ်။
ကြက်သွန်နီ /ခရမ်းချဉ်သီး /အရောင်တင်မှုန့်
ဆီသတ်ထားတာလောင်းထည့်ပေးပါ နောက်ထပ်
အခြမ်းခြမ်းထားတဲ ခရမ်းချဉ်သီးနဲ့
ကြက်သွန်ကို အနှစ်အတွက် အပေါ်က ထည့်
ပေးလိုက်ပါ ရေနွေးပူပူကို ငါးသလောက်နဲ့
တန်းတူ ထည့်ပေးပြီး မီးအားမပြင်းစေပဲ
တည်ထားပါမယ်။
ရေခန်းရင် နောက်တစ်ရည် ထပ်ထည့်ရပါမယ်နော်
ကြာချိန်ကတော့ Pressure cooker နဲ့ဆိုရင်
အချိန် ၁ နာရီလောက်ဆို ရပါပြီ
ရိုးရိုးပေါင်းအိုးနဲ့ဆိုရင် အချိန် အနည်းဆုံး ၄နာရီ
၅ နာရီလောက် ပေါင်းရပါတယ်။
ရေခန်းခါနီးရင် ရေကို ထပ်ထပ်ဖြည့်ပြီး ငါးအရိုး
နူးလာသည်အထိ မီးအားအနည်းဖြင့်ပေါင်းပါ ။
🔹ဆီပြန် အရိူးနူးပြီဆိုရင်တော့ ထမင်းမြိန် လူ
ကြိုက်အရမ်းများတဲ့ ငါးသလောက်ပေါင်း
ဟင်းတခွက်ရပါပြီ ……

image