#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်နိုင်ငံတောင်ပိုင်း၌ တာပါးအပူပိုင်းမုန်တိုင်း ကုန်းတွင်းဝင်ရောက်
တာပါးအမည်ရှိ အပူပိုင်းမုန်တိုင်းသည် တရုတ်နိုင်ငံတောင်ပိုင်း၌ စက်တင်ဘာ ၈ ရက်တွင်ကုန်းတွင်းသို့ ဝင်တိုက်ခတ်နေပြီဖြစ်ကြောင်း သိရသည်။
တာပါးအပူပိုင်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်း၌ စာသင်ကျောင်းများကို ပိတ်၍ရေကြောင်းခရီးစဉ်များ ဖျက်သိမ်းထားရပြီး ဒေသခံပြည်သူထောင်ပေါင်းများစွာတို့ကိုလည်း မုန်တိုင်းဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထာ ပေးထားရကြောင်းတရုတ်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနီးရှိ ကွမ်တုန်းပြည်နယ်တွင် တာပါးမုန်တိုင်းကြောင့် မီးရထားခရီးစဉ်များနှင့် ကူးတို့သင်္ဘောခရီးစဉ်များ ဖျက်သိမ်းထားရပြီး စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းအထိ ပြည်သူ ၆ဝဝဝဝ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း တရုတ်တာဝန်ရှိသူများက ပြောထားသည်။
စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီအထိတာပါးမုန်တိုင်း၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၈ မိုင်ခန့်အထိရှိကြောင်း ဟောင်ကောင်မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပြီး တတိယအမြင့်ဆုံး အဆင့် မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန် ထားသည်။
တာပါးမုန်တိုင်းကြောင့် ကွမ်တုန်းပြည်နယ်၌ လူသုံးဦးသေဆုံးခဲ့ရပြီး သစ်ပင်အများအပြားလည်း လဲပြိုခဲ့ရကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားထားသည်။
အလားတူ ပြည်နယ်မြို့တော်တိုင်ရှန်းတွင်လည်း နေရာပေါင်း နှစ်နေရာ၌ မုန်တိုင်းနောက်ဆက်တွဲအဖြစ် ရေလွှမ်းမိုးမှုများဖြစ်နေကြောင်း သိရသည်။
ရိုက်တာ