4 w - Translate

ရန်ကုန်မြို့တွင်းမှာရှိတဲ့
ဒီလှိုဏ်ဂူကြီး မကြာခင်ဖွင့်ပါတော့မယ်🍀
ကျောက်သားလှိုဏ်ဂူ ကော်ဖီဆိုင်☕️
ဒီလှိုဏ်ဂူကြီးဆီ လာဖို့ ဘယ်နေ့ဖွင့်မှာလဲ မေးနေကြသူများ ခင်ဗျာ....🤩
လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ဆို စံရိပ်ငြိမ် ဂမုန်းပွင့်က "𝐓𝐡𝐞 𝐇𝐢𝐝𝐝𝐞𝐧 𝐂𝐚𝐯𝐞" 𝐂𝐚𝐟𝐞 & 𝐖𝐡𝐢𝐬𝐩𝐞𝐫𝐬 စဖွင့်ပါပြီနော်...
၁၁ ရက်နေ့ ရဲ့ နေ့လည် ၁ နာရီကနေစပြီး မျှော်လင့်နေကြတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 များ လာလို့ ရပါပြီနော်🍀
🗻ဒီလှိုဏ်ဂူကြီး မဖြစ်ခင်က အရင်က 𝟐 ထပ်အိမ်ကြီးပါ။ အဲ့အိမ်ကြီးကိုမှ တအိမ်လုံးကို ဖြိုပြီး ကျောက်သား လှိုဏ်ဂူကြီးအသွင် ပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ ဆောက်ခဲ့တာပါ။
အလယ်က တိုင်ကြီးကတော့ ကျွန်တော် သဘောကျလွန်းလို့ ဒီဆိုင်ရဲ့ အလယ်က သစ်ပင်ကြီးအဖြစ် ပုံဖော် ပုံပြောင်းခဲ့တာပါ။
🗻ဒီကျောက်လှိုဏ်ဂူကြီးထဲ ဝင်ရင် အပေါ်မျက်နှာကျက်က အလှဆင်ထားတဲ့ ကျောက်စိုင်ကြီးတွေရဲ့ 𝐒𝐚𝐟𝐞𝐭𝐲 ကို 𝟏𝟎𝟎% စိတ်ချရစေဖို့ ကျောက်သားတွေအကုန်လုံးကို အခြား ပေါ့ပါးတဲ့ ပစ္စည်းတွေနဲ့အလှဆင်ထားတာပါ။ ဒါမို့ လုံးဝ စိတ်ပူစရာမရှိပါဘူး။
🗻နောက်တချက်က ကျောက်လှိုဏ်ဂူကြီး ဆိုတော့ မွန်းကြပ်မလားဆိုတဲ့စိတ်ပူမှုတွေအတွက် နံရံအမြင့်တင် 𝟐𝟏 ပေကျော်ဆိုတော့ ဆိုင်အတွင်းထဲ ရောက်တာနဲ့ အသက်ရှုဝ လွတ်လပ်နေစေမှာပါ။
🗻နောက် အချက်က ဒီ ကျောက်လှိုဏ်ဂူကြီးမှာ အလှဆင်ထားတဲ့ နံရံကပ်ရေညှိတွေမှသည် အရာအားလုံးဟာ အသေးစိတ် ခက်ခက်ခဲခဲ သယ်ယူ အလှဆင်ရတာမို့ ဆိုင်ကို ရောက်တဲ့အခါ သိချင်စိတ်လေးနဲ့ ဆွဲခွာတာမျိုးတွေ၊ ရေညှိတွေ တက်နေတာ ဖယ်ပေးမယ်ဆိုတဲ့ စေတနာတွေ နဲ့ မဖယ်ပေးဖို့ မေတ္တာရပ်ခံပါရစေနော်...🥹တမင်ကို လုပ်ထားတဲ့ ကျောက်လှိုဏ်ဂူထဲက အပင်တွေနဲ့ ရေညှိလေးတွေမို့ပါ...🥰
🗻ပြီးတော့ လှိုဏ်ဂူကြီးထဲ ဆိုတော့ အေးနေ စိမ့်နေတယ်ဆိုတဲ့ ခံစာ:ချက်ပဲ ပေးချင်လို့ 𝐀𝐢𝐫𝐜𝐨𝐧 အတွက်ကအစ 𝐒𝐨𝐥𝐚𝐫 ကို အများဆုံး ငွေကုန်ကြေးကျခံ တပ်ပြီး အေးမြတဲ့ ခံစားချက်လေးပေးထားပါတယ်ခင်ဗျာ။ လှိုဏ်ဂူအစစ်ကြီးထဲ ရောက်သလို အေးမြနေစေရပါမယ်🍀
"𝐓𝐡𝐞 𝐇𝐢𝐝𝐝𝐞𝐧 𝐂𝐚𝐯𝐞"

image