10 ပတ် - ဘာသာပြန်ပါ။

ဗြိတိန်နိုင်ငံက အသက် ၂၆ နှစ်အရွယ် James Brown ဟာ မီးသတ်သမားတွေကို အလွန်အမင်း စွဲလမ်းပြီး သူတို့ရဲ့ ဝတ်စုံတွေ၊ မီးသတ်ကားတွေကို စိတ်ဝင်စားလွန်းတယ်လို့ သိရပါတယ်
သူဟာ အရေးပေါ်အခြေအနေ မရှိဘဲနဲ့ မီးသတ်ဌာနကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုပြီး အနှောင့်အယှက် ပေးခဲ့ပါတယ် ဒီလိုမျိုး ဖုန်းခေါ်ဆိုမှုတွေက တစ်လအတွင်း အကြိမ် ၃၀ ကျော်အထိ ရှိခဲ့ပါတယ် သူဟာ မီးသတ်သမားတွေ ရောက်လာတာကို ကြည့်ချင်တဲ့အတွက် သူ့ရဲ့ အပြုအမူတွေဟာ တဖြည်းဖြည်းနဲ့ပိုမိုဆိုးရွားလာပါတယ်
အဲဒီနောက်မှာတော့ သူဟာ သူနေထိုင်တဲ့ အိမ်ကိုဘဲ မီးနှစ်ကြိမ် ရှို့ခဲ့ပါတယ် ပထမတစ်ကြိမ်က မီးဖိုချောင်ထဲက မီးခိုးအာရုံခံကိရိယာကို ဖုံးအုပ်ပြီး မီးရှို့ခဲ့တာပါ ဒုတိယတစ်ကြိမ်ကတော့ အဲဒီနေရာကိုဘဲ မီးထပ်ရှို့ခဲ့ပါတယ် အဲဒီ မီးလောင်မှုနှစ်ခုဟာ မိနစ် ၉၀ အတွင်းမှာဘဲဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် မီးသတ်သမားတွေနဲ့ ရဲတွေဟာ သံသယဝင်ခဲ့ပါတယ်
စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ James Brown ကိုယ်တိုင်က အစပျိုးပြီး မီးရှို့ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် သူဟာ မီးသတ်သမားတွေ လာတာကို အနီးကပ် မြင်ချင်၊ ကြည့်ချင်တဲ့စိတ်နဲ့ ဒီလိုမျိုး လုပ်ခဲ့တာလို့လည်း ဝန်ခံခဲ့ပါတယ်
တရားရုံးကို ရောက်တဲ့အခါမှာတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဒီလိုမျိုး လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှေ့နေက လျှောက်လဲခဲ့ပါတယ် နောက်ဆုံးမှာတော့ တရားမဝင်လုပ်ရပ်နဲ့မီးရှို့မှု (arson) အတွက် သူ့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ တစ်လချမှတ်ခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုတွေကို အလွဲသုံးစားလုပ်မှုအတွက်လည်းထောင်ဒဏ် ခြောက်လ ထပ်တိုး ချမှတ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
credit

image