Namaste
ယောဂချစ်သူလေးတို့ရေ…
ဒီနေ့ လပြည့်ညရဲ့အလှကို အပြည့်အဝ ခံစားရင်း Moon Salutation (CHANDRA NAMASKARA )လေးနဲ့ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းအောင် ကျင့်လို့ရပါတယ်။
Moon Salutation ဟာ ပုံမှန်ယောဂကျင့်စဉ်တွေထပ် စိတ်ကို ပိုပြီးတည်ငြိမ်စေပါတယ်။ တစ်နေ့တာလုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးပြီး တစ်ကိုယ်လုံးကို ပြေလျော့စေတာကြောင့် ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လရဲ့စွမ်းအားက ကိုယ်ခန္ဓာကို ညီမျှစေတဲ့အတွက် ဒီကျင့်စဉ်ကနေ အကျိုးကျေးဇူးတွေ ပိုရစေပါတယ်ရှင်။
ဒါကြောင့် ဒီလပြည့်ညမှာ Moon Salutation လေးလုပ်ပြီး စိတ်ရောကိုယ်ပါ အနားယူလိုက်ကြရအောင်နော်။ လရဲ့အလင်းရောင်အောက်မှာ သက်သောင့်သက်သာ လေ့ကျင့်ရင်း ကိုယ့်ကိုယ်ကိုယ် အေးချမ်းတဲ့ ခံစားမှုတွေနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေမှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်💝
~~~ Happy Full Moon ~~~
#manaradianceyoga #fullmoonenergy #moonsalutation

image