အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက် (ဂျင်းနုချဉ်တစ်နေ့ ၃ ချပ်)
ဂျင်းနုချဉ်ကို တစ်နေ့ ၂-၃ ချပ် စားပေးရုံနဲ့ အူလမ်းကြောင်းကို သန့်စင်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်အောင့်တာ၊ အစာအိမ် အက်ဆစ်ပြန်တက်တာတွေကို လျှော့ချပေးပါတယ်။ အအေးမိခြင်းကို ကာကွယ်ပေးပြီး နှလုံးကို အားဖြည့်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး အဆစ်အမြစ် နာကျင်ကို'က်ခဲတာ၊ လက်ထုံခြေထုံတာတွေကို သက်သာစေပါတယ်။
ဂျင်းနုချဉ်ဟာ ခါးသက်တဲ့အရသာမရှိဘဲ သာယာတဲ့အရသာရှိပါတယ်။ ဒါပေမဲ့ လေကို ကောင်းကောင်းထုတ်ပေးနိုင်ပြီး သလိပ်ကိုကျစေပါတယ်။ ရောင်ရမ်းမှုကို လျှော့ချပေးတဲ့အပြင် ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ကူညီပေးပါသေးတယ်။
အိမ်လုပ် ဂျင်းနုချဉ်စိမ်နည်း (စိမ်ရည်ကို ပြုတ်ပါ)
ပါဝင်ပစ္စည်းများ........
* ဂျင်းနု ၂၅၀ ဂရမ် (ခန့်မှန်းခြေ တစ်ခွက်အပြည့်)
* ရှာလကာရည် ၁၈၀ မီလီလီတာ
* သန့်ရှင်းသောရေ ၆၀ မီလီလီတာ
* သကြား ၄-၅ ဇွန်း (စားပွဲတင်ဇွန်း)
* ဆား ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပြုလုပ်နည်း...........
* ဂျင်းကိုအခွံနွှာပြီး ပါးပါးလှီးပါ။
* ဆားအနည်းငယ်ထည့်ထားသောရေထဲတွင် ဂျင်းကို
၁၀ မိနစ်ခန့် စိမ်ပြီး သန့်စင်စွာ ပြန်ဆေးကြောပါ။
* ရေနွေးဆူဆူထဲတွင် ဂျင်းကို ၁၀-၁၅ စက္ကန့်ခန့် ထည့်ပြုတ်
ပြီး ရေစစ်ထားပါ။
* ရှာလကာရည်၊ ရေ၊ သကြား၊ ဆားတို့ကို အိုးသေးသေး
လေးတစ်ခုထဲ ထည့်ပြီး ဆူပွတ်အောင် တည်ပါ။
* ဆူပွတ်လာလျှင် သကြား၊ ဆားများ ပျော်သွားသည်အထိ
ပြုတ်ပြီးရင် အအေးခံထားပါ။
* ဂျင်းများကို စိမ်မည့်ပုလင်းထဲထည့်ပြီး အအေးခံထားတဲ့
စိမ်ရည်ကို ဂျင်းမြုပ်သည်အထိ လောင်းထည့်ပါ။
* အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲတွင် ၂-၃ ရက် ထားပါ။
ဂျင်းများ ပန်းရောင်သန်းပြီး လိမ္မော်ရောင်သို့ ပြောင်းသွား
ပါက စားသုံးနိုင်ပါပြီ.....။
တစ်နေ့ကို ၃ ချပ်ပဲ စားရတာ မခက်ခဲပါဘူး။ ဒါပေမဲ့ ရေရှည်အတွက် ကျန်းမာရေးကောင်းကျိုးတွေ အများကြီး ရရှိစေမှာပါ။ စားရတာလွယ်ကူပြီး မွှေးရနံ့သင်းသင်းလေးရှိတဲ့အပြင် ဝမ်းမှန်စေဖို့လည်း ကူညီပေးပါတယ်။
