6 ပတ် - ဘာသာပြန်ပါ။

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သုတေသီတွေဟာ ရေပိုင်နက်ထဲမှာ အဖော်မဲ့ တစ်ကောင်တည်း ပင်လယ်ကူးနေတဲ့ ဝေလငါးဆန်းကြယ်တစ်ကောင်ကို ခြေရာခံ လိုက်ခဲ့ကြပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အသံကြောင့် "အအထီးဆုံး ဝေလငါး" လို့ နာမည်ပြောင်ရခဲ့ပါတယ်။
ဝေလငါးအများစုဟာ ၁၅ ကနေ ၂၅ ဟက်ဇ်ကြား အသံလှိုင်းနှုန်းနဲ့ အော်မြည်ကြပေမဲ့ ဒီဝေလငါးကတော့ ၅၂ ဟက်ဇ်နှုန်းနဲ့ မြည်တာကြောင့် တခြားဘယ်ဝေလငါးမှ ဒီလိုအသံမျိုး မသုံးပါဘူး။ ဒါ့ကြောင့် သိပ္ပံပညာရှင်တွေက ဒီဝေလငါးဟာ သမုဒ္ဒရာထဲမှာ သတ္တဝါတွေ ပြည့်နေပေမဲ့ တခြားဝေလငါးတွေ သူ့အသံကို မမှတ်မိကြလို့ သီးခြားဖြစ်နေတယ်လို့ ယုံကြည်ကြပါတယ်။
ဒီဝေလငါးရဲ့ အသံဟာ နားထောင်လို့ကောင်းသလို ဝမ်းနည်းဖွယ်ရာလည်း ကောင်းတာကြောင့် ကမ္ဘာတစ်ဝန်းက လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ ဒီဝေလငါးဟာ တစ်မူထူးခြားတဲ့ တစ်ကောင်တည်းသော ဝေလငါးလား၊ မျိုးစပ်ဝေလငါးလား၊ ဒါမှမဟုတ် ထူးခြားတဲ့ အသံနဲ့ မွေးလာတဲ့ ဝေလငါးတစ်ကောင်လားဆိုတာ တိတိကျကျ မပြောနိုင်ကြပါဘူး။ ဒါပေမဲ့ ရေအောက်ထဲမှာ အဝေးကြီးကို ပျံ့နှံ့သွားတဲ့ သူ့ရဲ့တမ်းတသံဟာ လူအများရဲ့ စိတ်ကူးစိတ်သန်းကို ဖမ်းစားထားပြီး သူ ဘာတွေကြုံတွေ့နေရလဲဆိုတာကို တွေးတောနေကြပါတယ်။
ဒီပုံပြင်ဟာ လူတွေနဲ့ အတွင်းစိတ်ကနေ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အဲဒါကတော့ လူတွေရဲ့ ရင်းနှီးချင်တဲ့ စိတ်နဲ့ အဖော်မဲ့နေတဲ့ ဝမ်းနည်းမှုတို့ပဲ ဖြစ်ပါတယ်။ ၅၂ ဟက်ဇ် ဝေလငါးဟာ ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲကို ခေါ်နေသလိုပဲ လူတွေဟာလည်း ပေါင်းသင်းဆက်ဆံမှုနဲ့ နားလည်မှုကို တောင့်တကြပါတယ်။ သူ့ရဲ့ဖြစ်တည်မှုဟာ အထီးကျန်မှုရဲ့ လှပမှုနဲ့ နာကျင်မှုကို ပြသတဲ့ အင်အားကြီးမားတဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ကျွန်တော်တို့အားလုံးအတွက် အဖော်ရှိခြင်းရဲ့ အရေးပါပုံကို သတိပေးနေပါတယ်။

image