6 ပတ် - ဘာသာပြန်ပါ။

၃ရက်ကြာ ​ပျောက်​နေတဲ့ အသက်၆နှစ်အရွယ် မိန်းကလေးငယ်ကို ​ေ-သဆုံးလျက်ပြန်တွေ့
စက်တင်ဘာ ၆၊ ၂၀၂၅။
မြစ်ကြီးနားမြို့
​နောင်နန်​ကျေးရွာ​နေ ကလေးငယ်သည် ပြီးခဲ့သည့် september
2ရက်နေ့က ပျောက်ဆုံးသွားပြီး တစ်​ယောက်ယောက်က ဖြားယောင်းခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟု ရပ်ကွက်​တွင်းနေသူက ပြောပါသည်။
“ ကလေးပျောက်သွားတာက သုံးရက်ရှိပြီ ဒီနေ့နဲ့ဆို လေးရက်ရှိသွားပြီ။ အဲ့ကလေးက အိမ်မှာ ညခြောက်နာရီလောက်ထိတော့ရှိသေးတယ်တဲ့။ ​နောက်ခနကြာအချိန် တစ်စုံတစ်ဦးက ခေါ်သွားတဲ့ ပုံစံပဲထင်မိတယ်။
ကြာသွားလို့ ပုပ်သွားလို့ ဘယ်လိုလုပ်သွားသလဲဆိုတာတော့ မပြောနိုင်သေးဘူးနော” ဟု​ဒေသခံက ပြောသည်။
နောင်နန်းကျေးရွာရှိ စာသင်ကျောင်းအနီး ​ေ-သ-ဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။
"လူ​တွေက​တော့ အမျိုးမျိုးပြောနေကြတယ်။ မုဒိန်းကျင့် သ-တ်ခဲ့တာလည်း ဖြစ်မယ်။ မှတ်ချက်​တွေက​တော့ စုံလို့ပါဗျာ အ-​ေ-လာင်းတွေ့တာလည်း နောင်နန်းကျောင်းနဲ့ သိပ်မဝေးဘူး” ဟုပြောသည်။
ကလေးငယ်မှာ အသက် (၅) နှစ်ကျော်အရွယ်သာရှိသေးပြီး KG အတန်းတွင် တက်ရောက်ပညာသင်ကြားနေသူဖြစ်သည်။

image