6 ပတ် - ဘာသာပြန်ပါ။

ဒိုမီနို လုပ်နည်း
ဒိုမီနို လုပ်နည်းလေးမေးထားတဲ့သူတွေအတွက် တင်ပေးလိုက်ပါပြီနော်။ အိသက်အမျိုးသားလဲ ဒိုမီနို အရမ်းကြိုက်လို့ ၂ခွက်တောင်သောက်ဖြစ်သွားပါတယ်၊
ပါဝင်ပစ္စည်းများ
-အသီးစုံ(သင်္ဘောသီး၊ နာနတ်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ ငှက်ပျော်သီး)
-Vanilla ရေခဲမုန့်
-သီးစုံအခြောက်လေးများ( စပျစ်သီးခြောက်၊ သီဟိုဠ်စေ့၊ ကျောက်ဖရုံရို)
- ready madeဂျယ်လီ
-နို့အပျစ်
-သကြားရေ
-စတော်ဘယ်ရီယို (သို့) ချောကလက်ဖျော်ရည် ၁ဇွန်း(စားပွဲတင်)
ပထမဆုံး သကြားကို ရေနဲ့ခပ်ပျစ်ပျစ်ကျိုထားပါ။ rose syrup တစက်ခန့်မွှေးအောင်ထဲ့လိုက်ပါ။
ဂျယ်လီ ၊ အသီးအစုံ ကိုအတုံးလေးများလှီးထားပါ။
နို့အပျစ်အစား double cream၊ နို့စိမ်းကိုသုံးလို့ရပါတယ်
စစချင်း ဒိုမီနို လုပ်မဲ့ဖန်ခွက်လေးထဲကို သကြာရေ ၂ဇွန်းထဲ့ပါပြီးရင် သီးစုံအခြောက်လေးများထဲ့ပါ။
ပြီးမှ ဂျယ်လီလေးများကိုထဲ့ပါ။
အဲဒီအပေါ်ကမှ သစ်သီးအစုံလေးများကိုတင်ပါ။
နို့ရေခဲမုန့်လေးတင်ပြီးရင် နို့ဆမ်းလိုက်ပါ။
wipping cream ရှိရင်တင်ပြီး စတော်ဘယ်ရီယို (သို့) ချောကလက်ဖျော် ထားတာလေးဆမ်းပြီးစားလို့ရပါပြီ။
credit
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။

image