6 ပတ် - ဘာသာပြန်ပါ။

အမေရိုက်ရင် ပတ်ပြေးခဲ့တဲ့ ကောင်က
ကမ္ဘာကြီးကို ပြုပြင်မယ်တဲ့---"
ထမင်းနပ်မှန်ဖို့
နဖူးကချွေးခြေမကျအောင်ရုန်းနေရတဲ့
ကောင်ကကမ္ဘာကြီးကို အေးချမ်းစေချင်တယ်တဲ့---"
ဒေါင်ကျကျ ပြားကျကျဆိုတဲ့ကောင်လဲ
နောင်ရေးတွေးမိရင် မျက်လုံးမှာအရည်တစ်ချို့နဲ့---"
ဘယ်နေ့သေမှန်းမသိတဲ့ ဒီခေတ်ကြီးထဲမှာတော့
ဒီလူငယ်ဟာ ငယ်ငယ်ကလိုအမေ့ကိုကြောက်တဲ့စိတ်နဲ့---"
တစ်ညလောက်သာ အိပ်ပျော်ချင်တော့တာမို့
ကျွန်တော် ငြိမ်းချမ်းလိမ့်မယ် ထင်ပါတယ်---"
#ရိုးတံ

image