ဆေးဝါးကို အားကိုးစရာမလိုဘဲ ဦးနှောက်သွေးကြောတွေကို သန့်စင်လိုက်ပါ။
ဦးနှောက်သွေးကြောတွေကို ဆေးဝါးမသုံးဘဲ သန့်စင်လိုက်ပါ။
ကြက်ဥအကာ၊ ကြက်သွန်နီ၊ ငရုတ်ကောင်းမှုန့်တို့နဲ့တင် လုံလောက်ပါတယ်။ လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာ၊ မှတ်ဉာဏ်မကောင်းတာတွေအတွက် စမ်းစားကြည့်ပါ။ ရိုးရှင်းတဲ့နည်းလမ်းလေးဖြစ်ပေမဲ့ အကျိုးကျေးဇူးကတော့ ရိုးရှင်းတာထက် အများကြီးသာပါတယ်နော်။
လေဖြတ်ခြင်းကိုကာကွယ်ပြီးကုသဖို့အတွက်အခြေခံနည်းလမ်း..........
အထူးသဖြင့် လက်ဖဝါး၊ လက်ချောင်း၊ ခြေထောက်တွေ ထုံကျင်တတ်တဲ့သူတွေအနေနဲ့ ဒီနည်းလမ်းလေးကို အမြန်ဆုံးစားသင့်ပါတယ်။ ဒါ့အပြင် လစဉ် ပုံမှန်စားပေးမယ်ဆိုရင် ဦးနှောက်သွေးကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။
"အရင်တုန်းက ဦးလေးရဲ့ လက်တွေ၊ ခြေထောက်တွေ ထုံကျင်တယ်။ ခြေထောက်တွေအားမရှိတော့တာကြောင့် အကြာကြီးလမ်းလျှောက်ရင် လဲတော့မလိုဖြစ်တယ်။ တချို့ရက်တွေဆို စကားမပီသဘူး၊ ခေါင်းမူးပြီး ဉာဏ်ရည်တွေ ထိုင်းမှိုင်းသလို ခံစားရတယ်။ ကလေးတွေက စိုးရိမ်ပြီး ဆရာဝန်နဲ့ပြတော့ ဦးနှောက်သွေးကြောတွေစပြီး ကျဉ်းလာပြီလို့ပြောတယ်။ ဒါပေမဲ့ သွေ;ကြောပေါက်ပြဲလောက်တဲ့အထိတော့ အန္တရာယ်မရှိသေးဘူးတဲ့။"
"တစ်နေ့မှာ ဦးလေးရဲ့တူက ကြက်ဥအကာကို ကြက်သွန်နီနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး ပေါင်းစားတဲ့ ရိုးရှင်းတဲ့နည်းလမ်းလေးကို စမ်းကြည့်ဖို့ အကြံပေးတယ်။ ပထမတော့ သာမန်အရာတွေက ဘာမှအကူအညီဖြစ်မှာမဟုတ်ဘူးလို့ ထင်တာပေါ့။ ဒါပေမဲ့ ပိုကောင်းလာချင်တာနဲ့ စမ်းစားကြည့်လိုက်တယ်။"
"ဦးလေးက တစ်လကို ၇ ရက်ဆက်တိုက်စားတယ်။ ဒါကိုစားပြီးနောက်ပိုင်းမှာ လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာ သက်သာလာတယ်။ လမ်းလျှောက်ရတာ ပိုတည်ငြိမ်လာပြီး မှတ်ဉာဏ်လည်း ပိုကောင်းလာတယ်။ စကားပြောတာ ပိုပီသလာသလို အရင်လို ခေါင်းမူးတာမျိုး မဖြစ်တော့ဘူး။ ဆရာဝန်နဲ့ ပြန်ပြကြည့်တော့ အရင်ကထက် သွေးလည်ပတ်မှု ပိုကောင်းလာတယ်လို့ ပြောတယ်။"
"အခုတော့ ဦးလေးက ဒီနည်းလမ်းကို လစဉ် ၇ ရက်ဆက်တိုက် ပုံမှန်စားပေးတယ်။ နေ့တိုင်းလည်း လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလေးတွေ လုပ်တယ်။ ဒီလိုလုပ်ပေးတာကြောင့် ဘဝသစ်တစ်ခု တစ်ဖန်ပြန်စရသလိုပဲလို့ ခံစားရတယ်။"
သွေးကြောပိတ်ဆို့ခြင်းသွေးကြောကျဥ်းခြင်းကိုလျှော့ချနည်း
* ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ကြက်သွန်နီ ၄
လုံးနဲ့အတူ ရောပြီး ထောင်းပါ။
* ပြီးရင် ကြက်ဥအကာ ၂ လုံး
(အနှစ်မပါဘဲ အကာကိုသာယူပါ) နဲ့ ရောပြီး အရသာအ
တွက်ပဲငံပြာရည်အကြည်ကို အနည်းငယ်ထည့်ပါ။
* အားလုံးကို သမအောင် ရောမွှေပြီးရင် ကျက်အောင်ပေါင်း
ပြီး မနက်ခင်းမှာ ဆန်ပြုတ်ပူပူနဲ့ ၇ ရက်ဆက်တိုက် စား
ပေးပါ။ ချွေးတွေ အများကြီးထွက်လာတာက ပိတ်ဆို့နေ
တဲ့အဆီတွေ ကို ဖယ်ရှားပေးတာဖြစ်ပါတယ်။
ဉီးနှောက်သွေးကြောတွေကို ပြန်လည်ကောင်းမွန်စေဖို့နံ သန့်စင်ဖို့အတွက် လစဉ် ၇ ရက်ဆက်တိုက် စားသုံးပေးပါ။
ဒီနည်းလမ်းကို ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားနိုင်ပါတယ်။ အထူးသဖြင့် လက်ဖဝါး၊ လက်ချောင်း၊ ခြေထောက်တွေ ထုံကျင်တတ်တဲ့သူတွေအနေနဲ့ ဒီနည်းလမ်းလေးကို အမြန်ဆုံးစားသင့်ပြီး လစဉ်ပုံမှန်စားပေးမယ်ဆိုရင် ဦးနှောက်သွေးကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။
ဒီပို့စ်ဟာ သင့်အတွက်ရော သင်ချစ်ခင်ရတဲ့သူတွေအတွက်ပါ အကျိုးရှိမယ်လို့ ယူဆရင် တခြားသူတွေလည်း သိရှိနိုင်စေဖို့ တစ်ယောက်တစ်လက် မျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။

image