ခွေး၊ ကြောင် လေး တွေကို လက်ဖက်ရည်တို့ ကော်ဖီတို့ တိုက်လို့ရလား❓
Comment များမှာ မကြာခဏတွေ့နေရတာ ကြောင့်ဖြေပေးပါမယ်။
လက်ဖက်ရည်၊ ကော်ဖီ စတာတွေက ခွေး၊ ကြောင်လေးတွေကို တိုက်ကျွေးရန် အဆင်မပြေပါဘူး။
သူတို့ထဲမှာပါဝင်တဲ့ ကဖင်း (caffeine) ဓာတ်က ခွေး၊ ကြောင်လေးများအတွက် အလွန်အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ကဖင်းဓာတ်၏ အကျိုးဆက်အနေနဲ့ ခွေး၊ ကြောင်လေးတွေက
- နှလုံးခုန်နှုန်းတက်ခြင်း
- အသက်ရှူမဝခြင်း
- တုန်ယင်ခြင်း
- အော့အန်ခြင်း
- ဝမ်းပျက်ခြင်း
- အလွန်အမင်း စိတ်လှုပ်ရှားခြင်းတို့အပြင်
ပြင်းထန်သော အခြေအနေများအထိ ဖြစ်နိုင်ပါသည်။ ဒါ့ကြောင့် ခွေး၊ ကြောင်လေးများအား လက်ဖက်ရည်၊ ကော်ဖီတို့ကို မတိုက်ကျွေးသင့်ပါ။
ရေအလုံအလောက်တိုက်ကျွေးရန်သာ အကြံပြုပါတယ်ခင်မျာ။
✨ အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်