တိတ်ဆိတ်ငြိမ်သက်သွားတယ်ဆိုတာ
လက်လွှတ်နိုင်သွားလို့ဖြစ်နိုင်သလို
ရှင်သန်ဖို့အားမရှိတော့တာလည်း
ဖြစ်နိုင်ပါတယ်။
အရင်လိုပေါကြောင်ကြောင်
မနေတော့ဘူးဆိုတာ
ရင့်ကျက်သွားတာလည်းဖြစ်နိုင်သလို
ပေါ့"ပါး"ရယ်မောနိုင်တဲ့စိတ်ကို
ဆုံးရှုံးသွားတာလည်းဖြစ်နိုင်ပါတယ်။
- သုခညို