မှားနေရင်တောင်
ဖိနှိမ် မပြောရက်တဲ့
နှလုံးသားမျိုးကမှ နွေးထွေးမှုရှိတာပါ။
လွဲနေရင်တောင်
မသိမသာလေး တည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ ကြင်နာတတ်တာပါ။
ချို့ယွင်းနေရင်တောင်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ်မွန်မြတ်တာပါ။
အဆိုးတွေရှိရင်တောင်
အကောင်းလေးတွေနဲ့ ထေပြီး
မြင်တတ်နားလည်တတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကိုရင့်ကျက်တာပါ။
လိုအပ်နေရင်တောင် လိုလို့ဖြည့်ပေးတယ်ဆိုတဲ့
သဘော မသက်ရောက်အောင်
စေတနာသီးသန့်နဲ့ ဖြည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကို လေးစားထိုက်တာပါ။
|| 15.6.2025
#note_pages