၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ အမေရိကန်လေတပ်ရဲ့ Avenger အမျိုးအစား တော်ပီဒိုဗုံးကြဲလေယာဉ် ၅ စီး (Flight 19) ဟာ ဖလော်ရီဒါပြည်နယ်၊ ဖော့တ်လော်ဒါဒေးလ် (Fort Lauderdale) ကနေ လေ့ကျင့်ရေးပျံသန်းမှုတစ်ခုလုပ်နေစဉ် ဘာမြူဒါတြိဂံ (Bermuda Triangle) လို့လူသိများတဲ့ ပင်လယ်ပြင်အပေါ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပါတယ်
လေယာဉ်မှူးအဖွဲ့ဟာ သူတို့ရဲ့တည်နေရာကို လမ်းကြောင်းရှာမရဘဲ လမ်းပျောက်နေတဲ့အကြောင်း ရေဒီယိုကနေတစ်ဆင့် နောက်ဆုံးအဆက်အသွယ်လုပ်ခဲ့ပါတယ် နောက်ဆုံးမှာတော့ သူတို့ကိုပင်လယ်ထဲ ပျက်ကျသွားတယ်လို့ ယူဆကြပါတယ်
Flight 19 ပျောက်ဆုံးသွားကြောင်းသတင်းရတဲ့အခါ Martin PBM Mariner လေယာဉ် ၂ စင်းကို ချက်ချင်း ရှာဖွေရေးလုပ်ဖို့ စေလွှတ်ခဲ့ပါတယ် အဲဒီလေယာဉ် ၂ စင်းထဲက တစ်စင်းဖြစ်တဲ့ PBM-5 BuNo 59225 လေယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာဘဲ ရေဒီယိုကနေ မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့ပါတယ်
ဒါပေမဲ့ ၃ မိနစ်အကြာမှာတော့ အဲ့ဒီလေယာဉ်ပါ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ် နောက်ပိုင်းမှာ ဒီလေယာဉ်ဟာ အင်ဂျင်ချို့ယွင်းမှုကြောင့် ပေါက်ကွဲပြီး ပင်လယ်ထဲကျသွားခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်
Flight 19 ရဲ့ ပျောက်ဆုံးမှုဟာ ဘာမြူဒါတြိဂံ ရဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအဖြစ် လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ် ပညာရှင်တွေရဲ့အဆိုအရ လေယာဉ်မှူးတွေဟာ သံလိုက်အိမ်မြှောင်တွေနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေရှိခဲ့တာကြောင့် မှားယွင်းတဲ့လမ်းကြောင်းကိုရောက်သွားခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်
ဒီဖြစ်ရပ်မှာ Flight 19 က လေယာဉ်မှူး ၁၄ ဦးနဲ့ ရှာဖွေရေးလုပ်ခဲ့တဲ့ Martin PBM Mariner လေယာဉ်ပေါ်က အဖွဲ့သား ၁၃ ဦး စုစုပေါင်း လူ ၂၇ ဦးလုံးပျောက်ဆုံးခဲ့ပါတယ် သူတို့ရဲ့အလောင်းတွေနဲ့ လေယာဉ်ရဲ့ အပျက်အစီးတွေကိုလည်း ယနေ့အချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး
#knowledge #ဗဟုသုတ #facts #whatthefacts
