အချို့ ပြသနာတွေက
ဖြေရှင်းတာထက် ရှောင်ထွက်
သွားလိုက်တာ အကောင်းဆုံး...။
အချို့ စကားလုံးတွေက
ပြောလိုက်တာထက်
မျိုသိပ်လိုက်တာ အကောင်းဆုံး....။
အချို့ လူတွေကို အလျှော့ပေးပြီး နေတာထက် ဥပက္ခာ ပြုပေးလိုက်တာ အကောင်းဆုံး....။
အချို့ မျှော်လင့်ချက်တွေက
မျှော်လင့်နေတာထက်
ကိုယ်တိုင် ရိုက်ချိုး ပစ်လိုက်တာ
အကောင်းဆုံး....။
အချို့ အသံတွေက နားစွင့်နေတာထက် နားပိတ်ထားတာ အကောင်းဆုံး.......။
အချို့မြင်နေရတာတွေက
ကြည့်မိလိုက်တာထက်
မမြင်ယောင်ဆောင်လိုက်တာ အကောင်းဆုံး....။
အချို့ ဆက်ဆံရေးတွေက သံသယနဲ့ လက်တွဲနေရမှာထက် လက်တွဲဖြုတ်လိုက်တာ အကောင်းဆုံး.....။
Credit-OriginalWriter
#note_pages