ဒီနည်းလမ်းကို ၇ ရက်လောက် စမ်းကြည့်ပါ။ ပွတ်လေ၊ အသားအရေက ပိုဖြူပြီး ပိုကြည်လင်လာလေ၊ အသားအရေက ချောမွေ့နုဖတ်လာလေပါပဲ။
သင့်အသားအရေက အရမ်းကို ကြည်လင်ဝင်းပလာလို့ သင့်ချစ်သူတောင် သတိထားမိလာပါလိမ့်မယ်။ သင့်အနေနဲ့ မန်ကျည်းသီးမှည့်အနှစ်ကို ရေနဲ့ဖျော်ပြီး ရလာတဲ့အရည်ကို လိုသလောက် ယူနိုင်ပါတယ်။ ပြီးရင် နနွင်း လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်နဲ့ ရောပြီး တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပါ။
၁၀ မိနစ်လောက်ထားပြီး ရေနဲ့ ပြန်ဆေးချလိုက်ပါ။ အသားအရေက သေချာပေါက် မြန်မြန်ဆန်ဆန် ဖြူဖွေးဝင်းပလာမှာဖြစ်ပြီး အသားအရေ ကျန်းမာရေးအတွက်လည်း ပိုကောင်းလာပါလိမ့်မယ်။ ဒီနည်းလမ်းကို မှတ်ထားပြီး အခုပဲ လိုက်လုပ်ကြည့်နိုင်ပါပြီ။
