ဒီအရွက်လေးသိကြလား
ပိုးစာရွက်ပါရှင့်
ပိုးချည်ထုတ်လုပ်ပေးတဲ့ ပိုးကောင်လေးတွေ စားသုံးသော ပိုးစာရွက်သည် လူတို့အတွက်လည်း အလွန်အသုံးဝင်ပါတယ်
သုတေသန ပြုချက်တေအရ ပိုးစာရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးလေးတေကတော့
ကိုလက်စထရောကို လျော့ချပေးနိုင်ပီး
နှလုံးကျန်းမာရေးအတွက် အထူးပဲကောင်းမွန်လှပါတယ်
သွေးထဲရှိ သကြားဓါတ်ကိုလဲ လျော့ချပေးတယ်အဓိက ကတော့ ခန္ဓာကိုယ်တွင်းက ပိုလျှံတဲ့
အဆီဓါတ်ကို လျော့ချပေးနိုင်ပီး
ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တာပဲ
သူကို ရေနွေးကြမ်းလို လုပ်သောက်ပေးမယ်ဆိုရင် သွေးတိုးဆီးချို မတက်အောင် ထိန်းညှိပေးပါတယ်
ဒါကြောင့် သွေးကျတတ်သူတွေတော့ မသောက်သုံးသင့်ပါဘူး
လက်ဖက်မှာထက် အင်တီအောက်စီဒင့် အဆများစွာ ပိုမိုပါဝင်တဲ့အတွက် အရွယ်တင်နုပျိုချင်တဲ့ သူတွေပုံမှန်လက်ဖက်ရည်ကြမ်းထဲ ရောခပ်ပြီး သောက်ရင်ပိုကောင်းပါတယ်
မယ့်ခိုင်ကတော့ဟင်းချိုလေးလုပ်သောက်တယ်
ရေနွေးဆူလာရင်ကြက်သွန်ဖြူလေးထည့်ပုစွန်ခြောက်မှူန့်ထည့်ဆားအနည်းငယ်ငရုတ်ကောင်းခပ်ထားပြီးမှအရွက်လေးထည့်ပေးပါအရွက်ကနူးညံ့တော့ငါးမိနစ်လောက်ဆိုရပါပြီရှင်
အရသာကချိုချိုလေးနဲ့အရမ်းသောက်လို့ကောင်းတယ်ရှင်
အစာလည်းဆေး
ဆေးလည်းအစာဖြစ်စေဖို့လက်တို့လိုက်တယ်နော်
Crd. ဆွဲပြီ ဝါးပြီ

