“Baking Soda (မုန့်ဖုတ်ဆိုဒါ) ဆိုတာ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ဖို့တစ်ခုတည်းအတွက်ပဲ ကောင်းတာမဟုတ်ဘူးနော်။ အိမ်တွင်းမှာလည်း အသုံးဝင်ပုံတွေက အများကြီးပဲ။
အဘွားပွန် က မကြာခဏ သုံးလေ့ရှိတယ်။

* ​ရေခဲသေတ္တာထဲက အနံ့ဆိုးတွေစွဲနေရင် ပန်းကန်လုံးအသေး
လေးထဲမှာ မုန့်ဖုတ်ဆိုဒါထည့်ပြီး ထည့်ထားလိုက်ရုံနဲ့ အနံ့ဆိုး
တွေ အကုန်ပျောက်သွားတယ်။
* ​ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရေနဲ့ မုန့်ဖုတ်ဆိုဒါ
ရောပြီး စိမ်လိုက်ရင် သန့်ရှင်းသွားတယ်။
* ​အိုးနဲ့ ဒယ်အိုးတွေမှာ စွန်းပေနေတဲ့ အစွန်းအထင်းတွေကို
မုန့်ဖုတ်ဆိုဒါနဲ့တိုက်လိုက်ရင် အသစ်အတိုင်းသန့်ရှင်းသွား
တယ်။
* ​အဝတ်လျှော်တဲ့အခါမှာ နည်းနည်းထည့်လိုက်ရင် အနံ့အ
သက်ဆိုးတွေ ပျောက်ပြီး အဖြူရောင်အဝတ်တွေက ပိုမို
တောက်ပလာတယ်။
* ​ရေချိုးခန်းက ရေစွန်းနဲ့ ဆပ်ပြာစွန်းတွေကို မုန့်ဖုတ်ဆိုဒါနဲ့
တိုက်လိုက်ရင် သန့်ရှင်းသွားတယ်။
​* တခါတလေ ပါးစပ်နံ့ဆိုးနေရင် ရေနဲ့ဖျော်ပြီး ပလုတ်ကျင်း
လိုက်ရင် လန်းဆန်းလာတယ်။
* ​အရေးအကြီးဆုံးကတော့ မီးဖိုချောင်မှာ ဆီကြောင့်
မီးလောင်ရင် မုန့်ဖုတ်ဆိုဒါက မီးငြှိမ်းသတ်ပေးနိုင်တယ်။
ဒါပေမယ့် ရေနဲ့ငြှိမ်းတာမျိုး မလုပ်ရဘူးနော်
သားလေး/သမီးလေး။ အန္တရာယ်ရှိတယ်။”

​အဘွားပွန် က ဘိတ်ကင်းဆိုဒါကို မီးဖိုချောင်တိုင်းမှာ ဆာင်ထားသင့်တဲ့ပစ္စည်းတစ်ခုလို့ ပြောတယ်။ ဈေးလည်းသက်သာတယ်။ စိတ်ချရတယ်။ အသုံးလည်းတည့်တယ်လို့ ပြောပါတယ်။

image