19 ပတ် - ဘာသာပြန်ပါ။

၂၀၁၅ ခုနှစ်တုန်းက ရုရှားနိုင်ငံရဲ့ အရှေ့ဖျားက Primorsky Safari Park မှာရှိတဲ့ Amur လို့ခေါ်တဲ့ ဆိုက်ဘေးရီးယန်းကျားထီးတစ်ကောင်ရဲ့ ခြံဝင်းထဲကို Timur လို့ခေါ်တဲ့ ဆိတ်တစ်ကောင်ကို အစာအဖြစ် ထည့်ထားခဲ့ပါတယ် ဒါပေမဲ့ ဆိတ်ဟာ ထွက်ပြေးမယ့်အစား သူ့နေရာမှာ မတ်မတ်ရပ်ပြီး သူ့ရဲ့ ဦးချိုတွေနဲ့ ကျားကို ပြန်ပြီး စိန်ခေါ်ခဲ့ပါတယ် The Moscow Times သတင်းရဲ့ ဖော်ပြချက်အရဆိုရင် Amur ဟာ Timur ရဲ့ အပြုအမှုကြောင့် အလွန်အံ့အားသင့်ခဲ့ပြီး မတိုက်ခိုက်ဘဲ သူတို့နှစ်ကောင်ဟာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်
အချိန်ကြာလာတာနဲ့အမျှ Timur နဲ့ Amur တို့ဟာ စစ်မှန်တဲ့ သံယောဇဉ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါတယ် သူတို့ဟာ အတူတူ လမ်းလျှောက်တာ၊ ဆီးနှင်းတွေထဲမှာ ဆော့ကစားတာနဲ့ အချင်းချင်းနီးနီးကပ်ကပ် အတူအိပ်စက်တာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ် ဆိတ်ကလေး Timur ဟာ ကျားကြီး Amur အိပ်တဲ့နေရာကို အပိုင်သိမ်းခဲ့တာကြောင့် ကျားကြီးဟာ သူတို့ရဲ့ ခိုလှုံရာအမိုးပေါ်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ် Russia Beyond ရဲ့ ဖော်ပြချက်အရဆိုရင် ပန်းခြံဝန်ထမ်းတွေဟာ သူတို့ရဲ့ ငြိမ်းချမ်းတဲ့ အပြန်အလှန်ဆက်ဆံမှုကို သတိပြုမိပြီးနောက် သူတို့ကို အတူတူထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်
သူတို့ရဲ့ ခင်မင်ရင်းနှီးမှုဟာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီးခဲ့ပါတယ် နောက်ဆုံးမှာတော့ အချင်းချင်း အနည်းငယ် တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ကာ နှစ်ကောင်ကို ခွဲထားခဲ့ရပြီး Timur ကို သူ့ရဲ့ ဘေးကင်းရေးအတွက် နေရာအသစ်တစ်ခုကို ပြောင်းရွှေ့ခဲ့ပါတယ် ၂၀၁၉ ခုနှစ်မှာတော့ ဆိတ်ကလေး Timur ဟာ သဘာဝအတိုင်း ေxသဆုံးခဲ့ရပြီး သူ့ကို ဂုဏ်ပြုတဲ့ ကြေးရုပ်ထုတစ်ခုရဲ့ အောက်မှာ သူ့ရဲ့အရိုးပြာတွေကို မြှုပ်နှံခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image