ငံပြာရည် ချက်....
ပါဝင်ပစ္စည်း များ.....
ငါးငံပြာရည် အချို.အကြမ်းပန်းကန်တစ်လုံး...
ပုဇွန်ခြောက်မူန့် ထမင်းစားဇွန်း နှစ်ဇွန်း...
ငရုတ်သီး အကြမ်းဖတ်.ထမင်းစားဇွန်း တစ်ဇွန်းခွဲ.. ...
ဆနွင်း မုန့်အနည်းငယ်
ဆီအနည်းငယ် .. ..အချိုမူန့်အနည်းငယ်.(မထည့်လည်းရသည်....)
ကြက်နီဥအလတ်နှစ်လုံး ပါးပါးလှီးထား.. ..
ကြက်ဖြူသုံးမွှာကို ပါးပါးလှီးထား.. .
ရေအကြမ်းပန်းကန်နှစ်ခွက်....တို့လိုအပ်တယ်....
ချက်နည်း.. ....
ချက်မဲ့အိုးထဲမှာ အရင်ဆုံးဆီပူအောင်တည်.ပူလာရင်ကြက်နီ
ဖြူပါးပါးလှီးထားတာထည့်ဆီသတ်.ဆနွင့်းမူန့် ထည့်.မတူးစေနဲ့..အနံ့မွေးရင် ပုဇွန် ခြောက်မူန့်ထည့်ပြီး
ဆက်ကြော်မယ်..ပုဇွန်ခြောက်အနံ့မွှေးရင်ငရုတ်သီးအကြမ်း
ဖတ်ထည့်ကြော်..ငရုတ်သီးအနံ့အစိမ်းနံပျောက်ပီးမွှေးရင်
ငံပြာရည် ထည့် ရေထည့်မယ်...ဒီနေရာမှာဘာလို့ငံပြာရည်
တခွက်ရေနှစ်ခွက်ထည့်ခိုင်းရသလဲဆိုတော့..ငံပြာရည် ချည်း
ပဲထည့်ပြီးရေမထည့်ရင်အရမ်းငံပြီးစားမရ...ရေထည့်တာများရင်လည်းပေါ့ရွှတ်ရွှတ်နဲ့မကောင်း...သူ့အချိုးက.ငံပြာရည် တစ်ခွက်ရေတခွက်ဆတူရောရင်အပေါ့အငန်အတော်ပဲ..နှစ်ခွက်ထည့်ခိုင်းတာ.ငံပြာရည်အစိမ်းနံ့ပျောက်ဖို့ဆက်တည်ရ
အုံးမယ်လေ..ရေတခွက်လောက်ပိုမထည့်ရင်ရေခမ်းကုန်ပီး
ငန်သွားမယ်..ဒါကြောင့်တခွက်ပိုထည့်ခိုင်းတာပါ....ရေတခွက်စာလောက်ခမ်းသွားတဲ့အချိန်ဆိုမီးပိတ်ပီးအိုးချလိုက်တော့
အပေါ့အငန်အတော်ပဲ...အချိုမူန့်ကတော့ကြိုက်ရင်အနည်း
ငယ်ထည့်နိုင်ပါတယ်....
Credit to လိူင် လိူင်
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။

image