[ဘူဂေးရီယား ၀-၃ စပိန် ပွဲပြီးသုံးသပ်ချက်]ဂန်းနားကြယ်ပွင့်တွေ အစွမ်းပြပြီး ဘူဂေးရီးယားကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ စပိန်
လက်ရှိ ဥရောပချန်ပီယံတွေဖြစ်တဲ့ စပိန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အထက်မြက်ဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပြီး ဘူဂေးရီးယားကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ မီခေး အိုယာဇာဘယ်၊ မာ့စ် ကူကူရယ်လာ၊ မီခေး မယ်ရီနိုတို့ရဲ့ သွင်းဂိုးတွေကြောင့် စပိန်အသင်းက ဆိုဖီယာမှာ အိမ်ရှင်တွေကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
စပိန်အသင်းအတွက် အဖွင့်ဂိုးရဖို့ ၅ မိနစ်သာ အချိန်ယူခဲ့ရပြီး အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် မာတင် ဇူဘီမန်ဒီက တိကျသေသပ်တဲ့ ပေးပို့မှု ပြုလုပ်ခဲ့တာကို ရီးရဲဆိုစီဒက်ကြယ်ပွင့်က ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲကစားချိန် မိနစ် ၃၀ မှာ စပိန်တို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ချဲလ်ဆီးကြယ်ပွင့် မာ့စ် ကူကူရယ်လာက အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ဘူဂေးရီးယားဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းခဲ့တာြဖစ်ပါတယ်။
နောက်ထပ် ၈ မိနစ်အကြာမှာ စပိန်အသင်း ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေတဆင့် လမင်း ယာမယ် ကန်တင်ပေးလိုက်တဲ့ဘောလုံးကို အဆင်နယ်ကြယ်ပွင့် မီခေး မယ်ရီနိုက လူကပ်မခံထားရဘဲ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက်ပိုင်းမှာ ပွဲက ပထမပိုင်းလောက် ပွင့်မနေတော့ဘဲ ရှင်းလင်းပြတ်သားတဲ့အခွင့်အရေးတွေ အကန့်အသတ်နဲ့သာ ရရှိခဲ့ပေမယ့်လည်း စပိန်က ဆက်လက်ပြီး ခြိမ်းခြောက်နိုင်ဆဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပိုပြီး တင်းကြပ်လာတဲ့ ဘူဂေးရီးယားခံစစ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အိမ်ရှင်တွေက အုပ်စု E အဖွင့်ပွဲမှာ နောက်ထပ် ဂိုးတွေ မပေးရအောင် ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။
Photo credit to owner
