လီဗာပူးနဲ့ အာဆင်နယ်တို့ပွဲက အငြင်းပွားဖွယ် နည်းဗျူဟာကြောင့် စည်းမျဉ်းပြောင်းလဲဖို့ ပြောဆိုမှုတွေ ရှိလာ
ပရီးမီးယားလိဂ်အသင်းတွေအတွက် လက်ရှိမှာ Trend တစ်ခု ရှိလာပြီး အဲဒါက ကွင်းလယ်စက်ဝိုင်း ဘောလုံးစတည်ပြီး ကန်တဲ့အချိန်မှာ ပြိုင်ဘက်ခံစစ်နားမှာ လက်ပစ်ဘောဖြစ်အောင် ဘောလုံးကို တမင်ကန်တဲ့အကွက်ပဲ ဖြစ်ပါတယ်။
The Athletic နည်းဗျူဟာခွဲခြမ်းစိတ်ဖြာသူ မိုက်ကယ် ကောက်စ်က အငြင်းပွားဖွယ် နည်းဗျူဟာကို ရပ်တန့်နိုင်ဖို့အတွက် စည်းမျဉ်းပြောင်းလဲဖို့ ပြောဆိုခဲ့ပေမယ့်လည်း ဒီနည်းဗျူဟာက အသစ်တော့မဟုတ်ဘဲ ၁၉၉၁ ခုနှစ်တုန်းက အဂ်လန်နည်းပြဟောင်း ဂရေဟမ် တေလာက ပိုလန်နဲ့ကစားတဲ့ပွဲမှာ ဒီနည်းဗျူဟာကို သုံးခဲ့ဖူးပါတယ်။
အဲဒီနည်းဗျူဟာက အောင်မြင်မှုမရခဲ့ပေမယ့်လည်း တေလာက အဲဒါဟာ ပွဲကို စတင်ဖို့အတွက် အကောင်းဆုံးပုံစံဖြစ်တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပြီး ဘာကြောင့် အဲဒီလို လုပ်ရတာလဲဆိုရင် ကွင်းလယ်မှာ ပွဲအစ ဝီစီမှုတ်ပြီး နောက်တန်းကို ပြန်ပေးနေတာထက်စာရင် ဘောလုံးပိုင်ဆိုင်မှု အဆုံးရှုံးခံပြီး ပြိုင်ဘက်ခံစစ်ဧရိယာထဲကို အသင်းကစားသမားတွေ ရောက်နိုင်သလောက် ရောက်အောင် လုပ်ဖို့ ပိုပြီး ထိရောက်တဲ့နည်းဗျူဟာလို့ ယုံကြည်တာကြောင့်ဖြစ်ပါတယ်။
လက်ပစ်ဘောရတဲ့အသင်းကလည်း ခံစစ်မှာ လက်ပစ်ဘောမြှောက်ရတာကြောင့် အခန့်မသင့်ရင် ဘောလုံးပိုင်ဆိုင်မှု ပြန်လည်ဆုံးရှုံးပြီး ဂိုးပေးရဖို့ အန္တရာယ်ကလည်း အလွန်နီးကပ်တဲ့ အခြေအနေမှာ ရှိနေတာြဖစ်ပါတယ်။
အာတီတာရဲ့အသင်းက လီဗာပူးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အဲဒီနည်းဗျူဟာကို အသုံးပြုခဲ့ပြီး ရလဒ်အနေနဲ့ မန်ယူနိုက်တက်ဂန္တဝင် ပီတာ ရှမိုက်ကယ်က အာဆင်နယ်အနေနဲ့ အဲဒီနည်းဗျူဟာကို သုံးစွဲခဲ့လို့ မကျေမနပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဖက်ဘရီဇီယို ရိုမာနိုကလည်း “အာဆင်နယ်က အရမ်းထူးဆန်းနေပါတယ်။ ငါတို့က အာဆင်နယ်၊ ငါတို့တွေ ပြိုင်ဘက်ကို ဘောလုံးပေးချင်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ ပွဲစအပြီး လီဗာပူးကို လက်ပစ်ဘောဖြစ်အောင် ကန်လိုက်တဲ့သူက ဒီနိုင်ငံရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်တဲ့ ဒီကလန် ရိုက်ပါ။ အဲဒါက အရမ်းကို အနုတ်လက္ခဏာဆန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုမျိုး နည်းဗျူဟာကို ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီက အင်တာမီလန်ကို လုပ်ခဲ့ပါသေးတယ်။
Photo credit to owner
#arsenalfc
#liverpoolfc

image