🟢Peacock Bass Fish Care Guide🟢
Peacock Bass
Peacock Bass ကို လူတိုင်းတော့သိကြမယ်မထင်ဘူးဗျ ဘာလို့လဲဆိုတော့ သူက Monster type ဖြစ်နေတော့ Monster fish ကိုမှ အရူးအမူးစွဲလမ်း ကြတဲ့ သူတွေပဲ သိကြမယ်ဗျ
ကဲ အရင်တုန်းက ဘယ်လိုပဲမသိခဲ့မသိခဲ့ ကျွန်တော်တို့ page ကိုသာ like & follow လုပ်ထားပြီး အချိန်ရတိုင်းဝင်ဖတ်နေရင် ငါးတော်တော်များများအကြောင်းကိုသိသွားမှာပါ
အဲ့ဒီတော့ အခုလဲ မသိသေးတဲ့ peacock bass အကြောင်းကိုပြောပြမယ်ဗျာ
ပထမဆုံးသူ့ရဲ့ သမိုင်းကြောင်းလေးကိုပြောပြပေးချင်တယ်ဗျ
Peacock bass တွေဟာ တကယ်တော့ အမေရိကတိုက်ရဲ့တောင်ဘက်ပိုင်းတွေမှာ အတွေ့ရများပါတယ် နောက်ပိုင်းကျမှ သူ့ကို U.S / Singapore / Australia စတဲ့နိုင်ငံတွေမှာ တွေ့ရှိလာကြတာပါ
အထူးသဖြင့် U.S ကနေ စပြီး ဒီငါးအကြောင်းသိရှိလာကြတယ်လို့ပြောနိုင်တယ်ဗျ
ဘာလို့လဲဆိုတော့ ဒီ Peacock bass တွေကို U.S မှာ စားငါးအဖြစ်စားသုံးကြတဲ့အပြင် Fishing Game Sport တွေမှာပါ ထည့်သွင်းခဲ့ကြပါတယ်
ပထမတော့ အရေအတွက်နဲနဲ နဲ့ ကန်ကြီးတွေထဲမှာ မွေးမြူကြရင်း ငါးဖမ်းပြိုင်ပွဲတွေအတွက် အသုံးပြုကြပါတယ် ဒါပေမဲ့လဲ Peacock bass ငါးတွေ သွင်းပြီး မွေးမြူကြတဲ့နှစ်မကြာခင်မှာဘဲ မိုးများတဲ့ အချိန်နဲ့ ကြုံတွေ့လာရပါတယ် အဲ့လိုမိုးများတော့ Peacock ငါးတွေထည့်ထားတဲ့ မြေကန်တွေဟာ ရေလျံပြီး အနီးပါတ်ဝန်းကျင်က ချောင်းတွေမြစ်တွေထဲကို Peacock သားပေါက်တွေ လွှတ်ထွက်သွားကြပါတယ် ဒီလိုနဲ့ U.S နိုင်ငံရဲ့ အချို့သော မြစ်ချောင်းတွေဟာ peacock ငါးကြောင့် အချို့သောမူလရင်းမြစ်ငါးတွေ မျိုးတုန်းလုနီးပါးအထိ အန္တရာယ်ကျရောက်ခဲ့ကြပါတယ်
ဒါကြောင့် အခုဆိုရင် Peacock bass ကို ဥပဒေအတိုင်း နည်းစနစ်ကျကျနဲ့ ကိုင်တွယ်ဖြေရှင်းရင်း မွေးမြူနေကြပါတယ်
ဒီလိုဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ကြတာသိပေမဲ့ အချို့သော ဝါသနာရှင်များကတော့ ယနေ့ထက်တိုင်မွေးမြူနေကြဆဲပါ Peacock bass က ဆိုးကျိုးပေးတယ်ဆိုပေမဲ့လဲ အချို့သောမွေးမြူရေးတွေအတွက်လဲ အသုံးဝင်ပါတယ် ဥပမာ တိလားဖီးရားငါးမွေးခြံတွေမှာဆိုရင် အရေအတွက်အဆမတန်ပွားများလာမှာဆိုးလို့ peacock အချို့ကို ခြံထဲ လွှတ်ထားကြပါတယ်
ဒါ့အပြင် မျိုးရင်းငါးတွေကို အန္တာရာယ်ပေးနိုင်တဲ့ piranhas တွေ wild guppy တွေ cray fish တွေ စတဲ့ ပေါက်ဖွားအားနဲ့ အသားစားကျုးတဲ့ငါးတွေရန်ကနေကာကွယ်ဖို့အတွက်လဲ မွေးမြူကြပါတယ်
ဒါကတော့သူတို့ရဲ့ သမိုင်းအကျဉ်းလေးပါ
အခုအောက်ပါအချက်အလက်တွေကနေ peacock တွေကို မွေးမြူမယ်ဆိုရင် ဘယ်လို ဂရုစိုက်သင့်လဲဆိုတဲ့ အချက်အလက်တွေကို လေ့လာကြည့်ရအောင်လားဗျာ
* မူလဇာတိ = အဓိကစတင်တွေ့ရှိရာနေရာကတော့ အမေရိကတိုက်တောင်ပိုင်းမှာရှိတဲ့ ဘရာဇီး / ဗင်နီဇွဲလားနိုင်ငံ တွေရဲ့ မြစ်ချောင်းတွေပဲဖြစ်ပါတယ်
* ရေအမျိုးအစား = Peacock တွေက black water နဲ့ ရေချို ရေငန်စပ်တဲ့ ရေတွေမှာလဲနေထိုင်နိုင်ကြပါတယ်
* အပူချိန် / ph = အပူချိန်ကတော့ tropical fish ဖြစ်လို့ အပူချိန် 24 °C – 28°C အတွင်း နေထိုင်နိုင်ပါတယ်
အကောင်အရွယ်အစားငယ်ချိန်မှာတော့ အပူချိန် ၂၈ အောက်မကျစေရန်သတိပြုရပါမယ် Ph ကတော့ 6.5 – 7.5 ပဲဖြစ်ပါတယ်
* ကန်အရွယ်အစား = အရွယ်ငယ်တုန်းအချိန်မှာတော့ ၃၀ဂါလန်ဆန့် ကန်တွေနဲ့ထိန်းနိုင်ပေမဲ့ အရွယ်ရောက်ချိန်မှာ 70gal – 200gal အထိ လိုအပ်ပါတယ်
* အကြီးဆုံးရောက်နိုင်သောဆိုဒ် = Peacock တွေက အထွားမြန်ကြပါတယ် သူတို့အသက်ရဲ့ ပထမဆုံး ၁၈လအတွင်းမှာ ၁ပေကျော်အထိကြီးပါတယ် ဒီပထမဆုံးအရွယ်မှာဆိုရင်တော့ အစာကို နဲနဲနဲ့ ခဏခဏ ကျွေးရန်လိုအပ်ပါတယ်
အရွယ်ရောက်ငါးတစ်ကောင်ဟာ မျိုးပေါ်မူတည်ပြီး 28″ – 36″ ထိကြီးနိုင်ပါတယ်
* သက်တမ်း = သဘာဝအရတော့ 10yrs – 15yrs အထိ နေနိုင်ပါတယ်
* အစားအစာ = အမဲလိုက်ငါးများဖြစ်တဲ့အတွက်ကြောင့် အသားငါးစိမ်းများကိုကြိုက်နှစ်သက်ပါတယ် သို့ပေမဲ့ အလှမွေးကန်ထဲမှာတော့ အသားငါးကို ရံဖန်ရံခါသာကျွေးသင့်ပြီး အစာခြောက်ကိုအဓိက ကျွေးသင့်ပါတယ်
အသက်အရွယ်ငယ်တုန်းမှာ အစာခြောက်ကိုကျင့်နိုင်ပါတယ်
* Tankmates = Monster type ဖြစ်တဲ့အပြင် အမဲလိုက်တတ်တဲ့ငါးအမျိုးအစားဖြစ်တာကြောင့် tank mate ရွေးချယ်ရာမှာသတိထားသင့်ပါတယ်
tank mate အဖြစ်ရွေးချယ်တဲ့ငါးဟာ အရွယ်အစား မကွာလွန်းရပြီး ပင်ကိုယ်စရိုက် ကြမ်းတမ်းလွန်းတဲ့ငါးမဖြစ်ရပါဘူး
အရွေးချယ်ဆုံးဖြစ်တဲ့ငါးတွေကတော့ Oscar / Arowana / Large Catfish / stingray / နဲ့ အခြား Large Cichilid အမျိုးအစားတွေရွေးချယ်ပေးရပါမယ်
* ထိန်းသိမ်းဂရုစိုက်မှု = Peacock တွေဟာ အသားငါးစိမ်းများကိုကြိုက်နှစ်သက်ကြပါတယ် ဒါကြောင့် ရေကတော့ခဏလေးအတွင်းမှာ ညစ်ပတ်သွားမှာအမှန်ပဲဖြစ်ပါတယ် ဒါ့အပြင်ဒီအသားငါးစိမ်းအကျန်တွေက ရေထဲမှာ ammonia အဆိပ်ကိုအလျင်အမြန်ဖြစ်ပွားစေပါတယ် ဒါကြောင့် power အားကောင်းတဲ့ filter မျိုးကိုရွေးချယ်သင့်ပြီး ရေစစ်ကန်ကိုသေချာအသုံးပြုသင့်ပါတယ်
power အားကောင်းတဲ့ filter သုံးရမှာလဲ under gravel filter / sump tank / external canister filter / စတဲ့ စုပ်အားကောင်းပြီး ရေစီးနှေးနှေးလေးနဲ့ဖြစ်စေနိုင်တဲ့ filter တွေကိုသာရွေးချယ်စေချင်ပါတယ်
ဘယ်ကန်မဆို filter ဘယ်လောက်ကောင်းကောင်း အပါတ်တိုင်း ရေ 25% – 50% ခန့်ရေလှယ်ပေးရပါမယ်
* ကန်အပြင်အဆင် = Peacock တွေက ကန်ထဲမှာ ပုံးခိုစရာများတာကိုသဘောကျပါတယ် သူတို့သဘာဝကိုက အမဲလိုက်တဲ့အခါ ပုန်းလျိုးကွယ်လျှိုးနဲ့သားကောင်တွေကိုချောင်းတတ်ကြလို့ပါ ဒါ့အပြင် black water tank ကိုလဲဖန်တီးပေးနိုင်ပါတယ် ကန်အပေါ်ကနေ သဘာဝဆန်ဆန် သစ်ကိုင်းခြောက်တွေတွဲလျောင်းချပေးထားရင်လဲသူတို့သဘောကျပြီး ကန်လဲလှပါတယ် အလင်းရောင်ကတော့ ပုံမှန်နေ့အလင်းရောင်တိုင်းပေးပြီး အဖွင့်အပိတ်လုပ်ပေးရပါမယ် သူတို့က နေ့ခင်းအလင်းရောင်ရချိန်မှာပိုပြီး active ဖြစ်ပြီး အစားပိုစားကြပါတယ်
