1 w - Translate

ပုံထဲမှာ ဘာတွေထူးခြားမှုမြင်ကြလဲ? လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်းကနေ အခုထိ ဖုန်းတွေပေါ်မှာ အမြင်အရ သိသာတဲ့ပြောင်းလဲမှုက ဘောင်တွေပိုပါးလာတာပါပဲ
2014 က ဝန်းကျင်က ဖုန်းတွေရဲ့ Screen-to-Body Ratio က 64% ဝန်းကျင်ပဲရှိပါသတဲ့ အကြောင်းကတော့ အပေါ် အောက် ဘေးဘောင်တွေနဲ့ Home Button လို့ခေါ်ရမယ့် ခလုတ်ကြောင့်ပါ
2017-18 မှာ Screen-to-Body Ratio ပြိုင်ပွဲစတင်လာခဲ့ပြီး Essential က Notch က စမိတ်ဆက်တယ် iPhone က Notch ကိုထပ်သုံးပြီး Trend တစ်ခုဖြစ်လာတယ် Android တွေဘက်မှာတော့ Punch Hole ၊ Notch အစုံထပ်ဖြစ်လာကြပါတယ်
2018 ဝန်းကျင်မှာ ဖုန်းတွေပေါ်က Screen-to-Body Ratio ကို 80% ဝန်းကျင် မြှင့်နိုင်ခဲ့ကြပါတယ် 2018 ထဲမှာပဲ vivo နဲ့ OPPO တို့က Pop-Up Camera ပါတဲ့ဖုန်းတွေထုတ်ပြီး Screen to Body Ratio 90% ကျော်အထိ စံချိန်တင်ခဲ့ကြပါသေးတယ်
2022 နောက်ပိုင်းမှာတော့ Screen-to-Body Ratio ဆိုတာထက် ဖုန်းတွေက ဘယ်လိုပုံလဲ- ခေါက်ဖုန်းလား ၊ Flip ဖုန်းလား ၊ Bar Type ဖုန်းလား ဖြစ်လာကြပြန်ပါပြီ Trend ထပ်ပြောင်းသွားတာပေါ့ (HUAWEI ကတော့ လက်ရှိမဖျာ Tri-Foldထုတ်ပြထားနိုင်ပါတယ် ၊ Apple ကတော့ အခုထိ ခေါက်ဖုန်း မထုတ်နိုင်သေးပါဘူး)
Fun Fact အနေနဲ့ ပြောရရင်
ပထမဆုံး iPhone က Screen-to-Body Ratio- 52% ရှိပြီး
ပထမဆုံး Samsung ဖုန်းက Screen-to-Body Ratio - 58% ပါ
နောက်ဆုံးထွက် iPhone 16 Pro Max ကတော့ Screen-to-Body Ratio 91.4 % ရှိပြီး
Galaxy S25 Ultra က Screen-to-Body Ratio 92.5% ရှိပါ
တယ် သိသာတဲ့ တိုးတက်မှုတွေပါပဲ
ပုံတွေမှာ ဘယ်လောက်ထိ ပြောင်းလဲလာခဲ့တယ် ဆိုတာကို ကြည့်နိုင်ပါတယ်

imageimage