အချစ်ရယ် ၊ အရက်ရယ် ၊ လောင်းကစားရယ်က တော်တော်ကလေး တူညီကြသည် ။ စွဲလမ်းတတ်တဲ့
အရာတွေချည်းပဲ ။
အစပိုင်းမှာတော့ ဟုတ်မလိုလိုနဲ့ နောက်တော့မှ လှိမ့်ခံရတဲ့နေရာမှာလည်း ဘာထူးလဲ ။ အစမလုပ်ဘဲ နေခဲ့မိရင် အကောင်းသားလို့ နောင်တရမိတဲ့နေရာမှာလည်း
တစ်ထပ်တည်းပဲ ။ ဖြတ်မယ် ဖြတ်မယ်နဲ့ ကြွေးကျော်ရင်း
လစ်မစ်တိုးလာတဲ့နေရာမှာရော ။
ဆရာမင်းလူရဲ့ လက်ရာတွေအကြောင်းကိုတော့ စာဖတ်သူများအတွက် အထူးမိတ်ဆက်ပေးဖို့မလိုတဲ့ စာအုပ်လေးတစ်အုပ်ဆိုရင်လည်း မမှားပါဘူး ။
ဒါကြောင့် ကိုယ်တိုင်ဖတ်ဖို့ပဲဖြစ်ဖြစ် ၊ ဖတ်ပြီးသွားရင်လည်း အမှတ်တရ ထပ်သိမ်းဖို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် FA ဘော်ဒါတွေကို လက်ဆောင်ပေးဖို့အတွက် စာအုပ်လေး ရှာနေတယ်ဆိုရင်တော့ ( အော်ဆွေး ) စာအုပ်လေးကိုပဲ အထူးညွှန်းပေးချင်ပါတယ်ခင်ဗျာ ။
#အော်ဆွေး #မင်းလူ

image