1 w - Translate

တာချီလိတ်မြိုက သုံးလုံးတိုက်(ချဲ) လောင်းကစားပြုသူကို ရဲကဖမ်းဆီး
*******************
(မှုခင်း) စက်တင်ဘာ ၄
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်က သုံးလုံးတိုက်(ချဲ) လောင်းကစားပြုလုပ်သူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁ ရက် မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေးထဲမှာရှိတဲ့မုန့်ဆိုင်မှာ တရားမဝင် သုံးလုံးထီ လောင်းကစားပြုလုပ် နေတယ်ဆိုတဲ့သတင်းအရ တာချီလိတ်မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့‌က ဝင်ရောက်ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

ပူးပေါင်းအဖွဲ့‌က ဝင်ရောက်ဖမ်းဆီးချိန်မှာ ကျော်ဆန်းဝင်း(၄၅)နှစ်ကို သုံးလုံးတိုက်(ချဲ) လောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ၊ လောင်းကြေးငွေတွေနဲ့အတူ အတူတွေ့ရှိဖမ်းဆီး ရမိခဲ့တာကြောင့် ကျော်ဆန်းဝင်းကို တာချီလိတ်မြို့မရဲစခန်းက (ပ)၁၇၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

image