မြန်မာ့ရိုးရာဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်တဲ့ တောဇီဖြူပင်ဟာ အသည်းနဲ့ ကျောက်ကပ်ကို အားကောင်းစေပြီး အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုတွေကိုပါ သက်သာစေပါတယ်။ ဒီအပင်ကို ဘယ်လိုပြုလုပ်ပြီး သောက်သုံးနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အကျိုးကျေးဇူးများ
* အသည်းနှင့် ကျောက်ကပ်တို့ကို သန့်စင်ပေးပြီး ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ပြန်လည်ကောင်းမွန်လာစေပါသည်။
* အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း၊ အထူးသဖြင့် ဒူးနာခြင်းတို့ကို သက်သာစေပါသည်။
ပြုလုပ်နည်း
* တောဇီဖြူပင် ၅၀ ဂရမ်ကို ရေ ၁.၅ လီတာနှင့်အတူ အိုးထဲထည့်ပါ။
* မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် ပွက်ပွက်ဆူအောင် ကျိုချက်ပါ။
* ရရှိလာသော အရည်ကို နှစ်ပိုင်းခွဲ၍ မနက်စာနှင့် ညစာမစားမီ တစ်နေ့တာအတွင်း ကုန်အောင် သောက်ပေးပါ။
* ဤနည်းအတိုင်း ၇ ရက်မှ ၁၀ ရက်အထိ ဆက်တိုက်သောက်သုံးပြီး ၂ ရက် သို့မဟုတ် ၃ ရက်ခန့် အနားယူပြီးမှ ပြန်လည်သောက်သုံးနိုင်ပါသည်။

image