1 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံတစ်နိုင်ငံလုံးကို ပြေးဆွဲနေတဲ့ အဓိကရထားလိုင်း(၄)လိုင်း... ( เครือข่ายรถไฟแห่งประเทศไทย 🚇 ) 🔻🔻
1# ပုံမှာ ခရမ်းနဲ့က မြောက်ဘက်ရထားလိုင်း(สายเหนือ🚉)
✔မြောက်ဘက်လိုင်းကတော့ ဘန်ကောက်ကနေ ချင်းမိုင်နဲ့ မြောက်ဘက်ကအဓိကမြို့တွေကို ဆက်ပေးထားပြီ လမ်းအရှည် ၇၅၁ကီလိုမီတာ(၆၄၇မိုင်) ရှည်ပါတယ်။
2# ပုံမှာ အစိမ်းနဲ့က အရှေ့ဘက်ရထားလိုင်း(สายตะวันออก🚉)
✔အရှေ့ဘက်လိုင်းကတော့ ဘန်ကောက်နဲ့ ကမ္ဘောဒီးယားနယ်စပ်ရှိ အရမ်ယပရထေ့မြို့နဲ့ ဆက်သွယ်ထားပြီ လမ်းအရှည်ကတော့ ၂၂၅ကီလိုမီတာ(၁၅၈မိုင်)ရှိပါတယ်။ ချချမ်ဆောင်မှာ တောင်ဘက်ကို နှစ်လမ်းကွဲသွားပြီ လမ်းအရှည်ကတော့ ဘမ်ဖူတာလွမ်မြို့အထိ ၁၂၃ကီလိုမီတာအရှည်ရှိပါတယ်။
3# ပုံမှာ အနီရောင်နဲ့က တောင်ဘက်ရထားလိုင်း(สายใต้🚉)
✔တောင်ဘက်လိုင်းကတော့ မလေးရှားနယ်စပ်က Sungai Kolok မြို့နဲ့ဆက်သွယ်ထားပြီ လမ်းအရှည် ၁၁၄၄ ကီလိုမီတာ(၇၁၁မိုင်)ရှိပါတယ်။
4#ပုံမှာအနီနဲ့ အနောက်ဘက်ဦးတည်နေတဲ့လိုင်းကတော့ ကမ်ချနာဘူရိလိုင်း(สายกาญจนบุรี🚉)
✔အတိုဆုံးလိုင်းဖြစ်တဲ့ အနောက်ဘက်လိုင်းကတော့ ကမ်ချနာဘူရိလိုင်းလို့ခေါ်ပြီ နန်းတော့မြို့အထိ ၁၉၉ကီလိုမီတာအရှည်ရှိပါတယ်။
ဒါကတော့ ထိုင်းနိုင်ငံရဲ့ အဓိကရထားလိုင်း(၄)လိုင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာဘယ်သွားသွား ကိုယ်သွားမယ့်ခရီးအတွက်ရထားခ/လက်မှတ်ဝယ်နည်းနဲ့ ရထားနဲ့ပတ်သတ်တဲ့ အရေးကြီးတဲ့အချက်လက်တွေကိုကြည့်ချင်ရင်တော့ အောက်ကဆော့ဝဲလ်ကိုဒေါင်းထားပါဗျ။
ဆော့ဝဲလ်ကိုဒီမှာဒေါင်းယူပါ ==> https://clk.bz/NpqdX
မူရင်းရေးသားသူ - ဇင်ကြီး
အားလုံးအဆင်ပြေကြပါစေ...

image