⚫Red Tail CatFish Care Guide⚫
Red Tail Catfish ( RTC )
ယခုဒီစာကိုဖတ်နေတဲ့ အလှမွေးငါးချစ်သူတွေတော့မသိဘူး ကျွန်တော်ကိုယ်တိုင်ကတော့ အလှမွေးငါးဆိုရင် ဒေါင်း / ဖိုက်တာ / ရွှေငါး စတဲ့ Fancy ငါးတွေကအစ flowerhorn / oscar / gar စတဲ့monster type ထဲက ငါးတွေကိုလဲ ချစ်ခင်မွေးမြူပါသေးတယ်
ဒါကြောင့် ကျွန်တော်pageကနေ fancy လိုင်းရော monster လိုင်းကိုပါဖော်ပြပေးနိုင်ခြင်းဖြစ်ပါတယ်
ကျွန်တော်အရင် post တွေမှာလဲ monster type တော်တော်များများအကြောင်းကို ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်
အခုတစ်ခေါက်မှာလဲ monster လိုင်းဖြစ်တဲ့ RTC အကြောင်းကို အောက်ပါလမ်းညွှန်ချက်များဖတ်ရင်း လေ့လာကြည့်ကြရအောင်ဗျာ
* မူလဇာတိ = ဒီ RTC ငါးတွေဟာ အဓိကစတင်ပေါက်ဖွားရာနေရာကတော့ ထုံးစံအတိုင်း အမေဇုံမြစ်ဝှမ်းဒေသများနှင့် တောင်အမေရိက တိုက်မှာရှိတဲ့ မြစ်ချောင်းများပဲဖြစ်ပါတယ်
ဒါ့အပြင် Brazil / Peru / Venezuela / Colombia နဲ့ အခြားထိုနိုင်ငံများနှင့် နီးစပ်သော မြစ်ချောင်းအင်းအိုင်များတွင်တွေ့ရပါတယ်
ဒါ့အပြင် ထိုင်းနိုင်ငံအတွင်းရှိ မြစ်ချောင်းတချို့မှာလဲတွေ့ရှိရပါတယ်
* ရေအမျိုးအစား = ရေချိုအမျိုးအစားနဲ့ပဲမွေးမြူနိုင်ပါတယ်
* အပူချိန် / ph = 22°C – 26°C / 6.0 – 7.5
* ကန်အရွယ်အစား = min 220gal ဆန့်ကန်နဲ့မွေးမြူသင့်ပါတယ် အရွယ်အစားကြီးမားလာတာနဲ့အမျှ ကန်ဆိုဒ်ကိုလဲ ချဲ့ပေးရပါမယ်
* အကြီးဆုံးရောက်နိုင်သောဆိုဒ် = မှတ်တမ်းများအရ
2010ခုနှစ်မှာ ဖမ်းဆီးရရှိခဲ့သော အကြီးဆုံး RTC အရွယ်အစားမှာ 5ပေ 11 လက်မခန့် ရှိပါတယ်
ဒါကြောင့် ရရှိနိုင်သောအကြီးဆုံးအရွယ်အစားကို ပျမ်းမျှ အားဖြင့် ၆ပေခန့် သတ်မှတ်ခဲ့ကြပါတယ်
* သက်တမ်း = မှန်ကန်သောစောင့်ရှောက်မှုများ ရှိပါက ၁၅နှစ်နှင့်အထက်ထိ ရှင်သန်နိုင်ကြပါတယ်
* အစားအစာ = RTC တွေက အစားအသောက်ရမ်းကားတဲ့အထဲမှာပါဝင်ပါတယ် သူ့ပါးစပ်နှင့်ဆန့်သမျှ ပစ္စည်း အရာဝတ္ထု အစားအသောက် အကောင်ပလောင် မှန်သမျှကို စားသုံးပါတယ် ဒါကြောင့်မွေးမြူမယ်ဆိုရင်တော့သတိထားရပါတယ်
သာမန်ကျွေးနိုင်တဲ့အရာတွေကတော့ အသားငါးအတုံးများ အစာခြောက်များပဲဖြစ်ပါတယ်
ဒါပေမဲ့အချို့လူများက အစာရှင်များကိုကျွေးကြပါတယ်RTC တွေအစားဘယ်လောက်ထိကြမ်းလဲဆိုတာ Videoတွေ ငါးချစ်သူတွေလဲမြင်ဖူးမယ်ထင်ပါတယ် ဒါပေမဲ့ အစာရှင်တွေကို အဲ့လောက်ထိကျွေးရန်လဲမလိုအပ်ပါဘူး ကောင်းကျိုးရောဆိုးကျိုးပါရှိပါတယ် ကောင်းကျိုးကတော့ အစာရှင်ကျွေးလဲ ထူးပြီး သာမန် အသားငါးအစာခြောက်များထက်အာဟာရ ပိုမရနိုင်ပါဘူး
ဆိုးကျိုးကတော့ live food ဖြစ်တဲ့အတွက် ဒီအကျွေးခံရတဲ့ငါးစာအရှင်မှာ ရောဂါပိုးများ အညစ်အကြေးများ စသည်တို့ပါရှိနိုင်ပါတယ် ဒီအတွက်ရောဂါပိုးပါရှိသောငါးတွေကိုထည့်ကျွေးမိမယ်ဆိုရင် တစ်ကန်လုံးရှိသမျှငါးတွေကိုပါကူးစက်နိုင်ပါတယ် ဒါကြောင့် သတိထားစေချင်ပါတယ်
အရွယ်ငယ်သေးတဲ့ RTC တွေကို နေ့တိုင်း တစ်နေ့တစ်ကြိမ်အစာကျွေးနိုင်ပါတယ် ဒါပေမဲ့အရွယ်ကြီးမားလာပါက အစာအရွယ်အစားခပ်ကြီးကြီးကို ငါးခန္ဓာကိုယ်အလိုက် တစ်ပါတ်တစ်ကြိမ်သာကျွေးဖို့လိုအပ်ပါတယ်
အရွယ်ကြီးတာနဲ့အမျှ အစာချက်ရန်အချိန်ပိုလိုအပ်လေပဲဖြစ်ပါတယ် အစာကျွေးမလွန်ဖို့ ဂရုစိုက်ရပါမယ်
* အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = RTC တွေက ကြီးနိုင်ငယ်ညှင်းဗီဇရှိတဲ့အတွက်ကြောင့် မျိုးတူအကောင်ရေများများမွေးသင့်မမွေးသင့်ကို မိမိကန်အကျယ်အဝန်း မိမိငါးအပေါ်မူတည်ပြီးမှထည့်သင့်ပါတယ်
* Tankmates = အပေါ်ကပြောခဲ့သလိုပဲ ကြီးနိုင်ငယ်ညင်းသဘာဝနဲ့ အစားကြမ်းတမ်းမှုက မျိုးတူငါးတွေအပေါ်တင်မကပါဘူး မိမိထက်ငယ်တဲ့ မိမိပါးစပ်နဲ့ဆန့်တဲ့ အခြားငါးမျိုးစိပ်များအပေါ်လဲ သက်ရောက်ပါတယ်
ဒါကြောင့် Tankmates ရွေးချယ်တဲ့အခါ ဆိုဒ်တူငါးထက် RTC ထက်အနည်းငယ်ကြီးသော ငါးမျိုးစိပ်များကိုသာရွေးချယ်သင့်ပါတယ်
ဥပမာ Giant gourami / gar fish / oscar etc……
* ထိန်းသိမ်းဂရုစိုက်မှု = RTCများဟာ အစားကြမ်းတယ်လို့ပြောခဲ့ပါတယ် ဒါကြောင့် အညစ်အကြေးစွန့်ထုတ်ရာမှာလဲ ညစ်ညမ်းလွယ်နိုင်ပါတယ်
Power ကောင်းတဲ့ filterအမျိုးအစားနဲ့ ရေသန့်ပစ္စည်းများကို ရွေးချယ်အသုံးပြုပေးရပါမယ်
* ကန်အပြင်အဆင် = ငယ်ရွယ်တဲ့ RTC လေးတွေဟာ ရှက်ကြောက်တတ်ကြပါတယ် ဒါကြောင့် အရွယ်ငယ်တုန်းမှာ ကန်ထဲတွင် ပုန်းစရာနေရာများနဲ့ အပင်များစိုက်ထားပေးသင့်ပါတယ် ဒီလိုလုပ်ပေးခြင်းအားဖြင့် ငါးနဲ့မိမိကြားမှာ ထိတွေ့မှုပိုများလာစေပြီး အစာကိုလက်နဲ့ကိုင်ကျွေးနိုင်သည်အထိ လေ့ကျင့်ပေးနိုင်ပါတယ်
* အထီးအမခွဲနိုင်ခြင်း = လက်တလောအချိန်ထိ အတိအကျမသိရှိသေးပါ
* သားဖောက်ခြင်း = လက်တလောအချိန်ထိ အတိအကျမသိရှိသေးပါ
* အခြားအရောင်များ = မီးခိုးဖြူ / မီးခိုးညို
* ဆောင်ရန်ရှောင်ရန် = RTC တွေကိုမွေးမြူရာမှာ အောက်ခံကို ကျောက်စရစ် ကျောက်ခဲများထားပေးတာမသင့်တော်ပါဘူး အကယ်၍စားမိပါက ငါးသေနိုင်သည်အထိဖြစ်စေနိုင်ပါတယ် ဒါကြောင့်ကျောက်စရစ်ကျောက်ခဲအစား သဲခင်းပေးခြင်းကပိုကောင်းစေပါတယ် ဘာပဲဖြစ်ဖြစ် ကြမ်းပြင်ကိုပြောင်ထားပေးခြင်းက သန့်ရှင်းရေးလုပ်ရာမှာလဲလွယ်ကူစေပါတယ် ဒါ့အပြင်ကန်ကိုလဲအဖုံးဖုံးပေးခြင်းက ခုန်ထွက်ခြင်းအန္တရာယ်မှကာကွယ်ပေးနိုင်ပါတယ်
#မှတ်ချက် ။ ။ အရွယ်ကြီးမားသော Monster typeဖြစ်ကာ အသားကိုအဓိကထားကျွေးရန်လိုအပ်ပါတယ် ဒါ့အပြင် အစာကျွေးမှုပုံစံနှင့်ကန်ပြင်ဆင်ပုံမှာလဲ အခြားငါးများနှင့်ကွဲပြားသောကြောင့် Intermediate skill ရှိသောငါးချစ်သူများအတွက်သာသင့်တော်ပါတယ်
ဒီငါးတွေကိုမွေးမယ်ဆိုပါက သူ့ဘဝသက်တမ်းတစ်လျှောက်လုံးအတွက် တာဝန်ယအာမခံနိုင်မှဝယ်ယူသင့်ပါတယ် အကောင်ကြီးထွားလာပါက ကန်ကျယ်ပိုမိုလိုအပ်လာပြီး မှန်ကန်နှင့်မွေးပါက မှန်များကိုကွဲနိုင်သည်အထိ တိုက်ခိုက်နိုင်ပါတယ် ဒါ့အပြင် သဘာဝထဲလွှတ်လိုက်ပါက ဆက်လက်ရှင်သန်နိုင်သည့်အပြင် အိမ်ရှင်ငါးတွေအတွက်ပါအန္တရာယ်ရှိနိုင်တာကြောင့် မွေးသင့်မမွေးသင့်ကို မိမိအိမိအခြေအနေ တာဝန်ယူနိုင်မှုတို့အပေါ်မှာသာ စဉ်းစားသင့်ပါတယ်

image
image
image
image