1 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများကို နေရပ်ပြန်ပို့
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအပါအဝင် နိုင်ငံခြားသား ၅၇ ဦးတို့ကို စက်တင်ဘာ ၂ ရက်က သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်ပို့ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပြန်ပို့ခဲ့သူများတွင် မြန်မာနိုင်ငံသား ၃၂ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၃ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကိုးဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦးတို့ပါဝင်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထောင်ချကာ ပြစ်ဒဏ်ကျခံပြီး ပြန်လွှတ်လာသူများအား မလေးရှားအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြန်ပို့ခံရသူများအား မလေးရှားနိုင်ငံက တားမြစ်စာရင်း ( Blacklist) ထဲထည့်သွင်းထားကာ သတ်မှတ်ကာလအတွင်း မလေးရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်မရှိတော့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ-BBC(ပုံဟောင်း)

image