1 w - Translate

၂၀၀၅ ခုနှစ်တုန်းက အီသီယိုးပီးယားနိုင်ငံမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ စာသင်ကျောင်းကနေ အိမ်အပြန်လမ်းမှာ အမျိုးသား ၇ ဦးရဲ့ ဖမ်းဆီးပြန်ပေးဆွဲခြင်းကိုခံခဲ့ရပါတယ် အီသီယိုးပီးယားနိုင်ငံရဲ့ အချို့ဒေသတွေမှာ မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး မလိုချင်ဘဲ အတင်းအဓမ္မလက်ထပ်ခိုင်းတာမျိုးတွေ ရှိပါတယ် ဒီအမျိုးသားတွေကလည်း အဲဒီလိုဘဲပြုလုပ်ဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်ပြီး မိန်းကလေးကို တစ်ပတ်ကြာအောင် ဖမ်းဆီးထားကာ ရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်
ဒီအဖြစ်အပျက်ဟာ တောအုပ်နားက လမ်းမတစ်ခုပေါ်မှာ ဖြစ်ပျက်ခဲ့တာပါ သူတို့ရိုက်နှက်နေတဲ့အချိန် ပုံပြင်ထဲကအတိုင်း ခြင်္သေ့ ၃ ကောင် ပေါ်လာပြီး ပြန်ပေးဆွဲသူတွေကို ရန်ပြုကာ လိုက်လံမောင်းထုတ်လိုက်ပါတယ် ထူးဆန်းတာက ခြင်္သေ့တွေဟာ အဲ့ဒီမိန်းကလေးကို ဘာမှအန္တရာယ်မပြုဘဲ ဘေးကနေ စောင့်ကြည့်ပေးခဲ့ကြပြီး နေ့တစ်ဝက်လောက်အထိ အဖော်ပြုနေပေးခဲ့ပါတယ် ရဲတွေနဲ့ မိသားစုတွေ ရောက်လာချိန်မှာတော့ ခြင်္သေ့တွေဟာ တောနက်ထဲကို ပြန်ဝင်သွားကြပါတယ်
ဒီဖြစ်ရပ်က လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ခြင်္သေ့တွေဟာ လူကို အလွယ်တကူ တိုက်ခိုက်လေ့ရှိပေမဲ့ ဒီကလေးမလေးကိုတော့ လုံးဝရန်မူခြင်းမရှိခဲ့ပါဘူး တောရိုင်းတိရစ္ဆာန်ကျွမ်းကျင်သူတွေကတော့ မိန်းကလေးရဲ့ငိုသံဟာ ခြင်္သေ့ပေါက်လေးရဲ့ငိုသံနဲ့ ဆင်တူနေနိုင်ပြီး ဒါကြောင့်ဘဲ ခြင်္သေ့တွေက သူမကို တိုက်ခိုက်မယ့်အစား ကူညီကယ်ဆယ်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ် ဒါကြောင့် ဒီဖြစ်ရပ်ကို ခြေင်္သေ့က လူကို ကူညီပေးခဲ့တဲ့အတွက် အံ့ဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်

image