#ဆိတ်ကလီစာချက်နည်း/အူကြမ်းဟင်းချကနည်း
========
ဆိတ် ကလီစာအူကြမ်းတွေကို
စိတ်ကြိုက်လိုသလို လှီးဖြတ်ပြီး
ရေဆေးပြီးစစ်ထားပါ
ပြီးတော့ ဆား အရသာမှုန့် နနွင်း
နယ်ထားပါ
ကြက်သွန် အနီ အဖြူနှင့်ဂျင်း
ရောထောင်း ပြီးဆီသတ်ပါ စပါးလင် ၂ပင်ထုထုံးပြီးထည့်ပါ
နနွင်းထည့်ပါ အရောင်အတွက်
ငြုပ်ပွရေစိမ်ထောင်းထည့်ပါ(ငြုပ်သီးအရောင်မှုန့်ထည့်ပါ)အရောင်တက်ရင်
ဆိတ်အူကြမ်းများထည့်ပါ မွှေပါ
လုံရေထွက်လာရင်ရေခမ်းတဲ့အထိ
လုံးပေးပါ (အဖုံးမအုပ်ရ)
လူံးရေခမ်းရင် အညီနံ့လဲပျောက်ပါပြီ စပါးလင်လေးမွှေးပါပြီ
ဒါဆိုရင် ရေထပ်ထည့်ပါ
မီးလျှော့ပြီး တည်လေဦးတော့
အသားတွေနူးပြီ ရေလဲကိုယ်စိတ်ကြိုက်အနေထားမှာ
အရသာမြည်းပြီး လိုတာ ထပ်ထည့်ပါ
ရပါပြီနော်
(ကိုယ်ကတော့ မြန်အောင် လုံးရေခမ်းပြီဆိုတာနဲ့ pressure Cooker ထဲပြောင်းထည့်ပြီး ချက်တယ် )
