🟡Swordtail Fish Care Guide🟡
Sword Tail ( ဆိုတေး )
ဆိုတေးဆိုတာကတော့ အလှမွေးငါးလောကမှာ ဟိုအရင်ကထဲက နေရာယူမွေးမြူခဲ့ကြတဲ့ငါးအမျိုးအစားပဲဖြစ်ပါတယ် သူတိုရဲ့ထူးခြားချက်က ဘာလဲဆိုတော့ ဓားရှည်ပုံသဏ္ဌာန်အမြှီး ရှိ၍ sword tail ဟုခေါ်ဆိုကြပါတယ် မြန်မာနိုင်ငံမှာတော့ ဆိုတေး ဆိုတဲ့ အသံထွက်နဲ့ခေါ်ဝေါ်ကြပါတယ် ဒီငါးလေးတွေက ဘယ်လိုပုံစံ ဘယ်လိုကန်အနေအထားနဲ့ ရှင်သန်လဲဆိုတာကိုတော့ အောက်က guide line လေးတွေထဲမှာ လေ့လာကြည့်ကြပါဦးဗျာ
*မူလဇာတိ = အမေရိကတိုက်ရဲ့အလယ်ပိုင်းနဲ့ မြောက်အမေရိကတိုက်တွေမှာ အစပြုနေထိုင်ခဲ့ကြပါတယ် သူတို့ကို 1848 ခုနှစ် စတင်ရှာဖွေတွေ့ရှိခဲ့ပါတယ်
*ရေအမျိုးအစား = tropical fish အမျိုးအစားထဲမှာ ပါဝင်ပေမဲ့ အပူချိန် 65F – 82F အတွင်း မှာ ကောင်းကောင်းရှင်သန်နေထိုင်နိုင်ကြပါတယ်
*Temperature and ph = 65 – 82F & 7 – 8.4
*ကန်အကျယ်အဝန်း = ဆိုတေးတစ်မျိုးထဲမွေးမယ်ဆိုရင်တော့ ကန်အကျယ်အဝန်း က ၁ပေပတ်လည် ( 7gal ) လောက်ဆို အဆင်ပြေပါတယ် ဒါပေမဲ့ အခြားငါးမျိုးစိတ်တွေပါ ထပ်ထည့်မယ်ဆိုရင်တော့ ၂ပေ၁ပေ ( 20 – 30 ) gal လောက်ကအဆင်ပြေပါတယ် ကန်ထဲကခုန်ထွက်နိုင်တာကြောင့် ကန်အဖုံးဖုံးပေးထားတာ ပိုအဆင်ပြေပါတယ်
*အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = ဆိုတေးတွေက အုပ်စုဖွဲ့နေထိုင်တဲ့ငါးအမျိုးအစားဖြစ်ပေမဲ့ ကန့်သတ်ချက်အချို့တော့ရှိပါတယ် အုပ်စုတစ်စုမှာ အထီး တစ်ကောင်ထက်ပိုများနေမယ်ဆိုရင်တော့ အထီးတွေအချင်းချင်း ကိုက်နိုင် ဆိတ်နိုင်ကြတာကြောင့် အုပ်စုတစ်စု အထီးတစ်ကောင်ပဲမွေးတာပိုအဆင်ပြေပါတယ်
အထီး၁ အမ 3 or 4 ဆို လုံလောက်ပါတယ်
*အကြီးဆုံးအရွယ်အစား = အကြီးဆုံး အရွယ်အစားကတော့ 6 လက်မ နီးပါးအထိကြီးနိုင်ပါတယ် ဒါပေမဲ့ အထီးတွေကတော့ အမထက်ကို အနည်းငယ်သေးသွယ်ပါတယ်
*အစာကျွေးမှု = အစားအစာ ကျွေးမွေး တဲ့အခါမှာလဲ အစာခြောက် ရေညှိ ပိုးလောက်လန်း ရေတီ အာသီးမီးယား စသည်ဖြင့် စုံလင်စွာ ကျွေးနိုင်ပါတယ်
*ထိန်းသိမ်းဂရုစိုက်ပေးမှု = 1 or 2 week တိုင်းကို ရေ ၅၀ % လှယ်ပေးရပါမယ်
*ဆောင်ရန်ရှောင်ရန် = ကန်အဖုံးဖုံးပေးခြင်း
*tankmate = အခြားငါးတွေကို ရန်လို အနိုင်ကျင့်သော အမူအကျင့်ရှိတဲ့အတွက်ကြောင့် tankmate ရွေးချယ်ရာမှာလဲ ဆိုတေးငါးနည်းတူ ရန်မူတိုက်ခိုက်တတ်သောငါး သို့မဟုတ် အမြှီးအတောင် ရှည်လျားခြင်းမရှိသော tiger barb / zebra danio / molly etc စသည့်ငါးတွေကို ကန်ကျယ်ကျယ်နှင့်အတူ မွေးမြူသင့်ပါတယ်
*အထီးအမခွဲခြားမှု = အထီးသည် အမထက် အနဲငယ် သေးသွယ် ၍ အထီး၏အမြှီးသည် ဓားရှည်ပုံ ရှိသည်
*သားဖောက်ပုံ = ဆိုတေးငါး သားဖောက်ခြင်းကတော့ လွယ်ကူပါတယ် ကိုယ်ဝန်ဆောင်ထားသော ငါးမကို ငါးထီးနှင့် တွဲပေးရုံနဲ့တင် သားပေါက်နိုင်ပါတယ်
*အခြားအရောင်များ = အစိမ်း အဝါ အနီ စပ်ကြား စသည်ဖြင့် ကွဲပြားသောအရောင်များရှိပါတယ်
*အခြားမျိုးကွဲများ = ဆိုတေးငါးတွေကို molly fish နှင့် စပ်ဖောက်နိုင်ပါတယ်
#မှတ်ချက်။ ။ကန်အဖုံးမဖုံး၍ခုန်ထွက်ခြင်း နှင့် ငါးကန်ရေလှယ်ရာတွင် ရေအပူချိန်ရုတ်ချည်းပြောင်းလဲမှုဒဏ်ကြောင့် ငါးသေဆုံးနိုင်သည်အထိဖြစ်ပွားနိုင်ပါတယ်
*မူရင်းရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ*




