1 ပတ် - ဘာသာပြန်ပါ။

ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနေ
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့ရှိ သမိုင်းဝင် ဖောင်တော်ဦးစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဩဂုတ်လ (၃၀) ရက်မှ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
နှစ်စဉ် တော်သလင်းလတိုင်း ကျင်းပလေ့ရှိသည့် သမိုင်းဝင် ဖောင်တော်ဦးစေတီတော်ဘုရားပွဲတော်သည် ယခုနှစ်တွင် (၁၄၂) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းလည်း ဖြစ်သည်။
ပွဲတော်ကို စက်တင်ဘာ (၈) ရက်အထိ ကျင်းပမည် ဖြစ်ပြီး မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲများကိုစက်တင်ဘာလ (၁) ရက်မှ (၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပွဲတော်အတွင်း မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပွဲစျေးတန်းကိုလည်း ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။
#credit

image