1 ပတ် - ဘာသာပြန်ပါ။

🔵Molly Fish Care Guide🔵
မော်လီငါးတွေကတော့ လူကြိုက်များတဲ့ငါးအသေးအမျိုးအစားပဲဖြစ်ပါတယ် သူ့ပုံစံကတော့ လေးထောင့်ကျကျပုတိုတိုပုံစံအမျိုးအစားရှိပြီး ပါးစပ်ကအပေါ်ကိုလန်နေပါတယ် သူ့ပုံစံအချိုးအစားကိုကပုတိုတို နဲ့ချစ်စရာကောင်းလှတဲ့အတွက် လူတိုင်းနီးပါးကချစ်နေကြတာပါ သူတို့က မွေးရလဲလွယ်ကူတယ် ထိန်းသိမ်းရလဲလွယ်ကူတယ်ဆိုတော့ အခုမှငါးစမွေးမဲ့သတိုင်းရွေးချယ်မွေးမြူသင့်ပါတယ်
နောက်အုပ်စုလိုက်ကလေးမွေးထားတော့ အလွန်ကိုအမြင်သင့်လှပါတယ် တခြားငါးအသေးမျိုး(အမြှိးအတောင်ကြီးမားမှုမရှိသောငါး)တွေနဲ့ရောမွေးလို့ရတဲ့အတွက် ငါးအစုံမွေးချင်သူတွေအတွက်တော့ အကြိုက်ပဲပေါ့ နောက်အပင်ကန်ဆင်မဲ့သူတွေအတွက်ရော? သူတို့အတွက်လဲအဆင်ပြေတာပေါ့ ဘာလို့လဲ? ဘာကြောင့်လဲဆိုတော့ အပင်ကန်ရဲ့အဓိကရန်သူဖြစ်တဲ့ algae(ရေညှိ) မျိုးစံကိုရှင်းပေးနိုင်တဲ့အတွက်ကြောင့်ပါ (adminကိုယ်တွေ့နော်) အခြား ငါးမျိုးစိတ်တွေရှာကြံထည့်စရာမလိုတော့ဘူးပေါ့
*ရေအမျိုးအစား = ရေချိုရေငံစပ်ရေ
*ကန်အရွယ်အစား = 15gal ဆန့်ကန်(1.5″ 1.5″ 1.5″)
*အကြီးဆုံးအရွယ်အစား = 1.5″
Tankmate = ဆိုတေး/ပလက်တီ/ဒေါင်းငါး ( အိန်ဂျယ်/ရွှေငါးတွေလို အမြှီးအတောင်ကြီးတဲ့ငါးတွေကိုလိုက်ဆိတ်တတ်တဲ့အတွက်တွဲမမွေးသင့်ပါ )
*အရောင်အမျိုးအစား = အဖြူ အနက် ပျောက်ကြား အဝါ ဆိုပြီးရှိပါတယ်
*မျိုးကွဲမှု = sailfan/ shortfan နဲ့ black etc..
*ဂရုစိုက်ပေးမှု = 2ပါတ်တစ်ခါရေလှယ်ရန် (only mollyfish) အပင်တွေပေါများစွာထည့်ထားပါက ပိုပျော်စေပါတယ်
*အစာကျွေးမှု = အစာခြောက် ရေညှိ
*သားဖောက်ခြင်း =အထီးအမခွဲဖို့ရန်လဲလွယ်ကူပါတယ် အထီးက စအိုနောက်နားရေယက်ဟာ အချွန်ပုံစံရှိ၍ အမကတော့ ယပ်တောင်ပုံစံရှိပါတယ် မော်လီငါးတွေက ကန်အတော်အသင့်ကျယ်မယ်ဆို ခဏနဲ့ အပွားမြန်စေပါတယ် အကောင်လိုက်သားပေါက်ကြပါတယ်
ဒါကြောင့် အမကို သီးသန့်ဖောက်ကန်ပြင်ပေးရပါမယ် ဖောက်ကန်ပြင်တဲ့အခါ ပင်လယ်ဆား or ဆားကြမ်းထည့်ပေးရပါမယ် ဒါမှ ငါးပေါက်ရင်အဆင်ပြေစွာနဲ့မွေးနိုင်မှာပါ
ဖောက်ကန်ထဲမှာလဲ အပင်ဒါမှမဟုတ် ပုန်းခိုစရာ နေရာများစွာလုပ်ပေးရပါမယ် ဒါမှငါးမ မှ ငါးသားပေါက်များကိုပြန်စားခြင်းမှကာကွယ်ပေးမှာပါ သားဖောက်များကို ငုံးဥပြုတ်အနှစ်အနည်းငယ် ဖျော်ကျွေးရပါတယ် ဒါမှမဟုတ် အစာခြောက်များခြေကျွေးခြင်း အာသီးမီးယား ဖောက်ကျွေးခြင်းများ လုပ်နိုင်ပါတယ်
မှတ်ချက်။ ။ငါးအသေးတော်တော်များများနှင့်ယှဉ်တွဲနေထိုင်နိုင်ကာ အချိန်သိပ်မပေးရသဖြင့် အခုမှငါးစမွေးသူများအတွက်သင့်တော်ပါတယ်။ ။

image