🙏ရပ်ပြစ်(၈)ပါး🙏
🌸🌸🌸🌸🌸🌸🌸
ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ်ရှစ်ပါးမှ လွတ်ရာလွတ်ကြောင်းကို ဆုတောင်းကြတယ်။
ရပ်ပြစ်ရှစ်ပါး ဆိုတာ ဘာကို ပြောတာလဲ ?
ရပ်ပြစ်ရှစ်ပါး ဆိုတာ အပြစ်မကင်းတဲ့ အရပ်ရှစ်မျိုးကို ပြောတာပါ။ မဂ်ဖိုလ်ကို ရနိုင်ခွင့်မရှိတဲ့ အရပ်ရှစ်မျိုးလို့ နားလည်ရပါမယ်။
၁။ ငရဲ
၂။ တိရိစ္ဆာန်
၃။ ပြိတ္တာ
၄။ အသညဇော (ခေါ်) အရူပ ဗြဟ္မာဘုံ။
( ဗြဟ္မာ ဖြစ်တိုင်း ကောင်းတယ် မထင်နဲ့နော်။ )
၅။ ယဉ်ကျေးမှု ခေါင်းပါးတဲ့အရပ်, လူရိုင်းတွေ နေတဲ့အရပ်, ရတနာသုံးပါး မရှိတဲ့အရပ်, ဘုရား တရား သံဃာ မရှိတဲ့အရပ်ဟာ အပြစ်ရှိတဲ့ အရပ်မို့ မဂ်ဖိုလ်ရကြောင်းတရား ကင်းတယ်။
၆။ ဝိကလိနြဒိယ လို့ ခေါ်တဲ့ ပဋိသန္ဓေ နေကတည်းက ကျိုး, ကန်း, ဆွံ့အ, ဉာဏ်ရည်မမီလို့ လူစဉ်မမီတဲ့ ဘဝမှာ ဖြစ်ရတာလည်း အပြစ်ရှိတဲ့ အရပ်လို့ ခေါ်တယ်။
၇။ မိစ္ဆာဒိဋ္ဌိ မှားယွင်းတဲ့ အယူဝါဒကို ယုံကြည်စွဲလမ်းပြီး အယူမှားရဲ့ နောက်လိုက် ဖြစ်ရတာဟာလည်း မဂ်ဖိုလ်ရကြောင်း ကင်းဆိတ်လို့ ရပ်ပြစ်တစ်ပါးပါ ပဲ။
၈။ နောက်ဆုံး အချက်က -
ဗုဒ္ဓ သုညောတိဟောတုကော အရပ်တဲ့။
ဘုရား မရှိသော( မသိသော ) အချိန်မှာ တိဟိတ် ပဋိသန္ဓေနေသူဟာ အပြစ်ရှိတဲ့အရပ် ရောက်ရာ မည်တယ်။ ( နောင် သာသနာ ဆိတ်သုန်းသွားတဲ့ အဲ့ဒီအချိန်မှာ ပဋိသန္ဓေ နေရသော်လည်း မဂ်ဖိုလ် ရကြောင်း အကျင့်ကောင်းကို မရနိုင်, မသိနိုင်တော့လို့ ရပ်ပြစ်တစ်ပါးပါ ပဲ။ )
ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့သည် ရစ်ပြစ်ရှစ်ပါးမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို ဘဝတိုတိုနှင့် ရောက်ရှိတော် မူကြပါစေ။
