သားပိုက်ကောင် အမ တွေမှာ ထူးခြားတဲ့ မျိုးပွားစနစ်ရှိပါတယ် သူတို့မှာ မိန်းမကိုယ် (vaginas) သုံးခုရှိကာ နှစ်ခုက သုတ်ပိုးကို သားအိမ်နှစ်ခုဆီ ပို့ဆောင်ပေးဖို့ဖြစ်ပြီး ကျန်တစ်ခုကတော့ ကလေးမွေးဖွားဖို့အတွက် သီးသန့်ဖြစ်ပါတယ်
သားအိမ်တစ်ခုစီဟာ သန္ဓေသားလောင်းကို ထောက်ပံ့ပေးနိုင်တာကြောင့် တစ်ပြိုင်နက်တည်း ကိုယ်ဝန်ဆောင်နိုင်ပါတယ် ဒါကြောင့် သားပိုက်ကောင် အမတစ်ကောင်ဟာ သူ့ရဲ့ အိတ်ထဲမှာ သားပေါက်လေးကို နို့တိုက်နေရင်းနဲ့ နောက်ထပ်ကိုယ်ဝန်ကိုလည်း ဆောင်ထားနိုင်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
